Main menu
HOT NEWS
adv
အစားအစာထုတ်လုပ်သောစက်ရုံများမှ စွန့်ပစ်ရေများကို ပြန်လည်အသုံးပြုရန် ထိုင်းစီစဉ်

အစားအစာထုတ်လုပ်သောစက်ရုံများမှ စွန့်ပစ်ရေများကို ပြန်လည်အသုံးပြုရန် ထိုင်းစီစဉ်

ဘန်ကောက်၊ မတ် ၈ ။ ။ ထိုင်းနိုင်ငံတွင် အစားအစာ ထုတ်လုပ်သော စက်ရုံပေါင်း ၂၃၀၀ ရှိသည်။ ထိုစက်ရုံများမှ စွန့်ပစ် သည့်ရေများကို အနီးဝန်းကျင်ရှိ စိုက် ပျိုးမြေများသို့ သွယ်ယူပြီး ပြန်လည် အသုံးပြုရန် ထိုင်းစက်မှုဝန်ကြီးဌာန ကစီစဉ်နေပြီး မိုးခေါင်ခြောက် သွေ့မှုကြောင့် အဓိကကျသော သီးနှံ များအား ထိခိုက်မည့်အန္တရာယ်ကို လည်းလျှော့ချရန် စီစဉ်ထားသည် ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ပြန်လည်အသုံးပြုရန် စံချိန်စံ ညွှန်းပြည့်စုံသော စွန့်ပစ်ရေများကို ပြန်လည်အသုံးပြုခွင့်ပေးမည့် ဝန်ကြီး ဌာနဆိုင်ရာ စည်းမျဉ်းဥပဒေများ ရေးဆွဲခြင်းကို စက်မှုဝန်ကြီးဌာနမှ အရာရှိများက လွန်ခဲ့သော သီတင်း ပတ်မှစ၍ ဆောင်ရွက်နေပြီဖြစ်သည် ဟု စက်မှုဝန်ကြီးအက်ချာကာဆီဘွန် ရူအန်က ဆိုသည်။

သီးနှံပင်များကို အဆိပ်အ တောက်ပစ္စည်းများသို့မဟုတ် ဓာတု ပစ္စည်းများသင့်ခြင်းမှ ရှောင်လွှဲနိုင် ရေးအလိုငှာ အစားအသောက် ပစ္စည်းထုတ်လုပ်သည့် စက်ရုံများမှ စွန့်ပစ်ပစ္စည်းများကိုသာ ပြန်လည် အသုံးပြုရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆီဘွန်ရူအန်က ဆိုသည်။

အစားအစာထုတ်လုပ်သည့် စက်ရုံပေါင်း ၂၃၀၀ တို့မှစွန့်ပစ် သည့်ရေများကိုသာ ပြန်လည်အသုံး ပြုရန်စီစဉ်ထားသော်လည်း အစား အစာထုတ်လုပ်သည့်စက်ရုံပေါင်း ၆၀၀၀ ဝန်းကျင်တို့မှ စွန့်ပစ်သည့် ရေများမှာလည်း ပြန်လည်အသုံးပြု နိုင်သည်သာဖြစ်သည်ဟု စက်မှုလုပ် ငန်းဌာန ညွှန်ကြားရေးမှူးချုပ်ပါဆုလိုဟန်းဂျွန် ကဆိုသည်။

Ref: Bangkok Post

Last modified onWednesday, 09 March 2016 13:27
Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191