Wednesday, 11 October 2017 12:08

ကယ်လီဖိုးနီးယား တောမီးကြောင့် လူ ၁ဝ ဦးသေဆုံးပြီး လူထောင်ပေါင်းများစွာကို ကယ်ဆယ်ထားရ

Written by
Rate this item
(0 votes)

ရက်ပ်၊ အောက်တိုဘာ ၁ဝ

 

အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ဝိုင်အရက်ထုတ် လုပ်ရာဒေသတွင် နေရာ ၁၂ နေရာ ခန့်၌ တောမီးများအကြီးအကျယ် လောင်ကျွမ်းနေပြီး နေအိမ်အ ဆောက်အအုံ ၁၅ဝဝ ခန့်မီးသင့် လောင်ကျွမ်းခံရကာ အနည်းဆုံး လူ ၁ဝ ဦးခန့်မီးလောင်သေဆုံးခဲ့ရသည်ဟု အာဏာပိုင်များ၏ အောက်တိုဘာ ၁ဝ ရက်ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

 

 

 

မီးသည်တစ်နာရီလျှင် မိုင် ၅ဝ (ကီလိုမီတာ ၈ဝ) နှုန်းဖြင့် ပျံ့နှံ့လောင်ကျွမ်းခဲ့သည်။ မီးလောင်ရာဒေသရှိ လူဦးရေ ၂ဝဝဝဝ ကျော်ကို ကယ်ဆယ်ကူညီမှုများပေးခဲ့ရသည်။ ကယ်လီဖိုးနီးယားမီးသတ် ဌာန၏ပြောကြားချက်အရ ဒေသ တွင်း ဧက ၇၃ဝဝဝ (ဟက်တာ ၃ဝဝဝဝ) အား မီးသင့်လောင်ကျွမ်းခဲ့ရသည်ဟု သိရသည်။ ပြည်နယ် မြောက်ပိုင်းရှိ ဆိုနိုမာစီရင်စုမှရဲ အရာရှိရုံးက ''မီးသင့်လောင်ကျွမ်း ခံရ၍ သေဆုံးသူများအတွက်ဝမ်း နည်းကြေကွဲမှုခံစားရပါတယ်''ဟု တွစ်တာမှတစ်ဆင့်ရေးသားဖော် ပြခဲ့သည်။ တောမီးလောင်ကျွမ်းခံ ရသောဒေသများမှာ ဆန်ဖရန်စစ္စ ကိုပင်လယ်အော်မြောက်ပိုင်းရှိ ဒေသများဖြစ်ကြသည်။ မင်ဒိုစီနို နေရာ၌ လောင်ကျွမ်းနေသော တောမီးကိုမီးသတ်သမား ၄၁ဝ ခန့် ကကြိုးစားငြှိမ်းသတ်နေကြသည်။ အနာဟိန်းဒေသ၌ ဟက်တာ ၈ဝဝ အားတောမီးလောင်ကျွမ်းနေပြီး အနည်းဆုံးမီးသတ်သမား ၂ဝဝ ခန့်ကငြှိမ်းသတ်နေကြရသည်။

 


''တောမီးကူးစက်အလောင်ခံရလို့ ဘာမျှမကျန်တော့အောင်ကုန်ပါပြီဗျာ''ဟု အိမ်စွန့်ခွာထွက် ပြေးခဲ့ရသူ ဒရီမာဂိုးလ်ဘာ့ဂ်က မီး လောင်ကျွမ်းခံရသောအိမ်ရှေ့ တွင်ထိုင်လျက် NBC  သတင်းဌာန သို့ပြောဆိုလိုက်သည်။ ပူပြင်းခြောက် သွေ့သောနွေရာသီလများတွင် တောမီးလောင်ကျွမ်းမှုများသည် အမေရိကန်အနာက်ပိုင်းဒေသများတွင် ဖြစ်ရိုးဖြစ်စဉ်များသာဖြစ်ရသည်။

 

Ref:AFP

 

 

 

Read 386 times
Login to post comments