Wednesday, 11 October 2017 12:10

ပြင်သစ်တွင် သမ္မတ မက်ခရွန်၏ မြို့ပြဝန်ထမ်းများ အပေါ် လခဖြတ်တောက်မှု ကန့်ကွက်ဆန္ဒပြ

Written by
Rate this item
(0 votes)

ပြင်သစ်၊ အောက်တိုဘာ ၁ဝ

 

ပြင်သစ်သမ္မတအီမန်နျူ ယယ်မက်ခရွန်၏ မြို့ပြဝန်ထမ်းများအပေါ် လခဖြတ်တောက်ခြင်း နှင့် ပြည်သူ့ဝန်ထမ်းအလုပ်နေရာ ၁၂ဝဝဝဝ တို့အား ခန့်အပ်မှုရပ် ဆိုင်းထားခြင်းများအတွက် ပြင်သစ်မြို့ပြဆိုင်ရာဝန်ထမ်းများက သမ္မတအပေါ်အကြီးအကျယ်စိတ်ပျက် နေကြကြောင်း၊ ယင်းအတွက် အောက်တိုဘာ ၁ဝ ရက်တွင် ကန့်ကွက်ဆန္ဒပြခြင်းများပြုလုပ်လာ ကြသည်ဟု သတင်းရင်းမြစ်များအရ သိရသည်။

 


အင်အား ၅ ဒသမ ၄ သန်းရှိသော အလုပ်သမားသမဂ္ဂ ကိုးခုတို့က သမ္မတမက်ခရွန်အပေါ် မကျေနပ်ကြကြောင်း တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် တစ်ရက်ကြာဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အသက်(၃၉)နှစ်ရှိ ပြင်သစ်သမ္မတအဖို့ စတုတ္ထအကြိမ်မြောက်ဆန့်ကျင် ဆန္ဒပြခံခဲ့ရခြင်းလည်းဖြစ်သည်။ ''ပြည်သူ့ဝန်ထမ်းတွေအပေါ်မှာ အစိုးရဟာစိတ်မဝင်စားဘူးဆို တာပြသနေပါတယ်''ဟု ပြင်သစ်၏ဒုတိယအကြီးဆုံးအလုပ်သမားသမဂ္ဂ (CFDT)မှ ဆန္ဒပြခေါင်း ဆောင်လောရင့်ဘာဂျာက Les Echos business daily  နေ့စဉ်သတင်းစာကြီးသို့ထုတ်ဖော်ပြောဆိုလိုက်သည်။ ''ဝန်ထမ်းရမြဲလစာထဲက ဖြတ်တောက်ပြန်တော့ နဂိုငွေကြေး မပြည့်စုံလို့ဝန်ထမ်းလုပ်ကိုင်တာမှာ ဘာသွားကျန်းတော့မှာလဲ''ဟု ၎င်းကဆက်လက်ပြောကြားလိုက်သည်။

 


ဆေးရုံသမဂ္ဂကလည်း ၂ဝဝ၉ ခုနှစ်မှစကာ ပထမဆုံးအကြိမ်အ ဖြစ်လမ်းပေါ်ထွက် ဆန္ဒပြကြရန် နှိုးဆော်ထားသည်။ ဆန္ဒပြမှုများ ကြောင့် စာသင်ကျောင်းများထိခိုက်ခြင်း၊ လေယာဉ်နှင့်မီးရထား ပြေးဆွဲမှုများနှောင့်နှေးခဲ့ရခြင်း များကြုံတွေ့ခဲ့ရသည်။ ပဲရစ်လေဆိပ်မှအဝင်အထွက်ပြေးဆွဲနေ သော ခရီးစဉ် ၃ဝ ရာခိုင်နှုန်းကို ဖျက်သိမ်းခဲ့ရသည်။ ပင်စင်များနှင့် ကုန်တင်ယာဉ်မောင်းသူများကလည်း ဆန္ဒပြခဲ့ကြသည်။ ပုဂ္ဂလိကကဏ္ဍကိုးခုမှ သမဂ္ဂများအပါအဝင်ဆန္ဒပြခဲ့ခြင်းသည် ဆယ်စုနှစ်တစ်နှစ်အတွင်း ပထမဆုံးအကြိမ်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

 


Ref:AFP

Read 380 times
Login to post comments