Wednesday, 11 October 2017 12:13

ထိုင်းတွင် ကြက်သွန်အိတ်များနှင့် အတူ မှောင်ခိုတင်သွင်းသည့် ငှက်သိုက်များနှင့် ဗုဒ္ဓရုပ်ပွားတော်များ ဖမ်းမိ

Written by
Rate this item
(0 votes)

ဘန်ကောက်၊ အောက်တိုဘာ ၁ဝ 

 

ထိုင်းနိုင်ငံ အကောက်ခွန်ဌာနက ကြက်သွန်များ တင်သွင်းလာသည့် လှေပေါ်၌ရောနှောတင်လာသော ငှက်သိုက်အတုပြုလုပ်သည့် သစ်စေးများနှင့် ဗုဒ္ဓရုပ်ပွားတော်များ ဖမ်းဆီးမိခဲ့သည်ဟု အောက်တိုဘာ ၁ဝ ရက်တွင် ဘန်ကောက်ပို့စ်သတင်းကို ပြောသည်။ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်သို့ Moei  မြစ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာသော လှေပေါ်တွင် ကြက်သွန် အိတ် ၉ဝ နှင့်အတူရောနှော၍ ငှက်သိုက်အတုပြုလုပ်သော သစ်စေးကီလိုဂရမ် ၅၄ဝ နှင့် စကျင်ကျောက်ဖြင့် ထွင်းထုထားသော ဗုဒ္ဓရုပ်ပွားတော် ၁၅၆ ဆူရှာဖွေတွေ့ရှိခဲ့သည်ဟု မဲဆောက်ခရိုင် စစ်ဆေးဂိတ်မှ အကောက်ခွန်အရာရှိ Wallop Wu tthaphanich က ပြောသည်။

 


ဖမ်းဆီးရမိသော မှောင်ခိုပစ္စည်းများ၏ ကာလပေါက် ဈေးမှာ ဘတ်တစ်သန်းဖိုးခန့်ရှိပြီး နိုင်ငံတော်ဘတ်ဂျက်အဖြစ်သိမ်းဆည်းလိုက်ကြောင်း၊ ယင်းမှောင်ခို စက်လှေကို မဲဆောက် ခရိုင် Moon ကျေးရွာ ဆိပ်ခံဗောတံတားတွင် အောက်တိုဘာ ၉ ရက်ကဖမ်းမိခဲ့ကြောင်း Wallop ကပြောသည်။ စက်လှေသမားသည် Moei  မြစ်အတွင်းသို့ ခုန်ချ၍ တစ်ဖက်ကမ်းသို့ ထွက်ပြေးသွားကြောင်း၊ မှောင်ခိုစက်လှေ မောင်းသူမှာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည်ဟု ယူဆရ ကြောင်း၊ ထိုင်းအာဏာပိုင်များက ရှာဖွေဖမ်းဆီးရန် ကြိုးစားနေ ကြောင်း Wallop  ကဆိုသည်။ ဖမ်းဆီးထိန်းသိမ်းထားသော သစ်စေးများသည် ငှက်သိုက် စွပ်ပြုတ် အတုပြုလုပ်ရာတွင် အသုံးပြုပြီး နယ်စပ်မှောင်ခိုဈေး ကွက်တွင် အရောင်းအဝယ်ဖြစ်နေသည်ဟု ၎င်းကပြောသည်။

 


Ref ; The Bangkok Post

Read 402 times
Login to post comments