HOT NEWS
Main menu
adv
သက်တော် ၈၂ နှစ်အရွယ် ဂျပန်ဘုရင် ထီးနန်းစွန့်ရန် ဆန္ဒရှိနေ

သက်တော် ၈၂ နှစ်အရွယ် ဂျပန်ဘုရင် ထီးနန်းစွန့်ရန် ဆန္ဒရှိနေ

တိုကျို၊ သြဂုတ်

သက်တော် ၈၂ နှစ်ရှိပြီဖြစ်သော ဂျပန်ဘုရင်မင်းမြတ် အာခီဟီတိုက နန်းစွန့်ချင်သည်ဟု သြဂုတ် ၈ ရက်တွင် ပြည်သူလူထုကို အရိပ်အမြွက်အသိပေးပြောကြားသည်။ ဂျပန်နိုင်ငံ၏ တည်ဆဲဥပဒေများအရ ဘုရင် မင်းမြတ်သည် ထီးနန်းကို  စွန့်ခွာပိုင်ခွင့်မရှိပါ။ နန်းစွန့်လိုကြောင်းကိုပင် အတိအလင်းထုတ်ဖော်ပြောကြားခွင့်မရှိပါ။


''အသက်က အတော်ကြီးရင့်နေပါပြီ၊ နိုင်ငံရဲ့အထိမ်းအမှတ်သင်္ကေတဘုရင်မင်းမြတ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲတွေ ဖြစ်လာမလားဆိုတာ စိတ်ပူမိပါတယ်'' ဟု ဂျပန်ဘုရင်မင်းမြတ်က လူထုမိန့် ခွန်း တွင် မိန့်ကြားသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဘုရင်မင်းမြတ်၏ မှတ်ချက်စကားများကို အလွန်အလေးအနက်ထားစဉ်း စားသုံးသပ်ပေးမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် လုပ်ပေးနိုင်စရာ နည်းလမ်းများ ကို ရှာဖွေမည်ဖြစ် ကြောင်း ပြောကြားသည်။


ဂျပန်ဘုရင် အာခီဟီတိုသာ နန်းစွန့်မည်ဆိုပါက ဂျပန်မင်းဆက် သမိုင်းတွင် နှစ်ပေါင်း ၂ဝဝ အတွင်း ပထမဆုံးအကြိမ်နန်းစွန့်မှုဖြစ်ရပ် ဖြစ် လာမည်ဖြစ်သည်။ တိုကျိုသတင်းဌာနက မကြာသေးခင်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် ဂျပန်ပြည်သူ ၈၆ ရာခိုင်နှုန်းက ဂျပန်ဘုရင် ထီးနန်းစွန့်ခွင့်ရရန် ဥပဒေများကို ပြောင်းလဲပေးစေလိုကြောင်း သိရသည်။ ဂျပန်ဘုရင်နန်းစွန့်ချင်နေသည့်  သတင်းများသည် လွန်ခဲ့သောလကပင် ထွက်ပေါ်နေခဲ့သည်။

Ref:AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS