Thursday, 12 October 2017 11:16

ဂျာမနီနှင့် ပြင်သစ် ခေါင်းဆောင်တို့က (၆၉) ကြိမ်မြောက် ဖရန့်ဖတ် စာအုပ်ဈေးပွဲတော် ဖွင့်လှစ်

Written by
Rate this item
(0 votes)

ဖရန့်ဖတ်

 

(၆၉)ကြိမ်မြောက် ဖရန့်ဖတ်စာအုပ်ဈေးပွဲတော်သို့ ဂျာမနီနိုင်ငံအဓိပတိ အင်ဂျဲလာမာကယ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ကရွန်တို့နှင့်အတူ ပြင်သစ်စာရေးဆရာ အယောက် ၂ဝဝ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။  ဖရန့်ဖတ်စာအုပ်ဈေးပွဲတော်သည် နိုင်ငံတကာစာအုပ်ထုတ်ဝေရေးလုပ်ငန်း၏ အကြီးမားဆုံးရောင်းဝယ်ဖောက်ကားသည့် ပွဲဈေးဖြစ်ပြီး နိုင်ငံ ၁ဝ၂ နိုင်ငံမှ ပြပွဲတင်သူ ၇၃ဝဝ ကျော်ရှိသကဲ့သို့ ဈေးပွဲတော်သို့ ဧည့်ပရိသတ် ၂၇၈ဝဝဝ ခန့် လာရောက်မည်ဟု မျှော်လင့်လျက်ရှိသည်။

 


ဖရန့်ဖတ်စာအုပ်ဈေးပွဲတော်ဖွင့်ပွဲတွင် မာကယ်နှင့် မက်ကရွန်တို့က ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့၏ နီးစပ်သော ယဉ်ကျေးမှုအနုပညာဆိုင်ရာ ဆက်စပ်ပတ်သက်မှုကို မီးမောင်းထိုးပြခဲ့ကြသည်။ နှစ်နိုင်ငံအနေနှင့် အငြင်းပွားမှု များရှိနေသော်လည်း အစဉ်အမြဲ ကြွယ်ဝသော အနုပညာခံစားမှုလက်ရာများ စီးဝင်မှုရှိနေကြောင်း မစ္စစ်အင်ဂျဲလာမာကယ်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။ 

 

Ref: Xinhua

 

Read 1300 times
Login to post comments