Print this page
Thursday, 12 October 2017 11:33

ရုရှားနိုင်ငံက ဆော်ဒီအာရေးဗီးယားကို လက်နက် ဖြည့်ဆည်းပေးရန် သဘောတူညီ

Written by
Rate this item
(0 votes)

မော်စကို

 

ရုရှားနိုင်ငံက ဆော်ဒီအာရေးဗီးယားနိုင်ငံအား လက်နက်ပေးပို့ဖြည့်ဆည်းရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ထိုသို့လက်နက် ပေးပို့ဖြည့်ဆည်းရာတွင် S-400  လေယာဉ် ဖျက်ဒုံးကျည်စနစ်အပါအဝင် ခေတ်မီဆန်း သစ်သောလက်နက်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

 


အလားတူပင် Kornet-EM တင့်ကား ဖျက်ဒုံးကျည်စနစ်၊ Buratino TOS-1  မီး တောက်ပစ်စနစ်၊ AGS- 30  အော်တိုမက်တစ် လက်ပစ်ဗုံးလောင်ချာနှင့် AK - 103 တိုက် ခိုက်ရေးရိုင်ဖယ်များကိုပါ ပေးပို့သွားမည်ဖြစ်သည်။ လက်နက်ပေးပို့မှု သဘောတူညီမှုနှင့်ပတ်သက်သည့် ဖြစ်နိုင်ခြေတန်ဖိုးကိုမူ ဖော်ပြ ထားခြင်းမရှိဟုဆိုသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်က ဆော်ဒီဘုရင် ဆယ်မန်ဘင်အဗ္ဗဒူလာဇစ်အယ်လ်ဆော့ ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ အရောင်းအဝယ်သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကရင်မလင်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

 


Ref: Xinhua

Read 1293 times
M Bwe

Latest from M Bwe

Login to post comments