Main menu
HOT NEWS
adv
အမေရိကန်သမ္မတလောင်းပြိုင်ပွဲ အင်္ဂါနေ့တွင်ထရန့်နှင့်ကလင်တန်တို့ အနိုင်ရ၊ နိုဝင်ဘာလပြိုင်ပွဲ၌ တွေ့ဆုံဖွယ်ရာရှိနေ

အမေရိကန်သမ္မတလောင်းပြိုင်ပွဲ အင်္ဂါနေ့တွင်ထရန့်နှင့်ကလင်တန်တို့ အနိုင်ရ၊ နိုဝင်ဘာလပြိုင်ပွဲ၌ တွေ့ဆုံဖွယ်ရာရှိနေ

ဝါရှင်တန်၊ ကလိဗ်လန်း၊ မတ် ၁၆

အမေရိကန်သမ္မတလောင်း ပါတီတွင်းအခြေခံပြိုင် ပွဲတွင် မတ် ၁၅ ရက်က ပြည်နယ်ငါးခုလျှို့ဝှက်မဲပေးပွဲကိုပြုလုပ်ခဲ့ရာ ဒီမိုကရက် တစ်ပါတီက ဟီလာရီကပြည်နယ် သုံးခုတွင် အနိုင်ရရှိခဲ့ပြီး ရီပတ်ဘလီကန်ပါတီမှ ဒေါ်နယ်ထရန့်က လည်း ပြည်နယ် သုံးခုတွင် အနိုင်ရရှိခဲ့သည်။

သို့ရာတွင် မြောက်ကာရိုလိုင်းနားနှင့်ဟီလီနိုက်တို့ပါ အနိုင်ရရှိနိုင်မည်ဟု မျှော်လင့်ရသည်။ အိုဟိုင်ယိုတွင်မူ ဂျွန်ကာဆီက အနိုင်ရရှိသွားခဲ့သည်။ ထို့ကြောင့် ရီပတ်ဘလီကန်ဒေါ်နယ် ထရန့်သည် လေးပြည်နယ်၌အနိုင်ရ ရှိမည်ဟု ခန့်မှန်းရသည်။  ထရန့်က သူ့အနေနဲ့နိုင်ပြီးရင်း နိုင်ရင်းဖြစ်နေတဲ့အတွက် ရှေ့ဆက် ပြီး နိုင်ဦးမှာပဲဟုထောက်ခံသူများကို ပြောသည်။

ဒီမိုကရက်ပါတီသမ္မတလောင်း ဟီလာရီကလင်တန်နှင့်ဘာနေဆန်ဒါတို့တွင် ဟီလာရီလည်း ပြည်နယ် ငါးခုတွင် သုံးခုဖြစ်မည့် ဖလော်ရီဒါ၊ မြောက်ကာရိုလိုင်းနား၊ အိုဟိုင်ယို တို့တွင် အနိုင်ရပြီးဖြစ်သည်။ ဟီလီ နွိုက်တွင်လည်း အနိုင်ရသည်ဟု သတင်းရရှိသည်။မစ်ဆိုရီပြည်နယ်တွင် ပါတီနှစ် ရပ်လုံးက မည်သူအနိုင်ရမည်ကိုမ သိရသေးဟု ဆိုသည်။

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်မှာ ပါတီကိုယ်စား လှယ်တစ်ထောင်ကျော်ရရှိထားပြီးဖြစ်သဖြင့် ဒီမိုကရက်အမတ်လောင်း  ဟီလာရီကလင်တန်လည်း ပါတီ ကိုယ်စားလှယ်တစ်ထောင်ကျော်ရ ရှိပြီးဖြစ်သည်။ ၄င်းတို့နှစ်ဦးမှာ နောက်ဆုံးဇူလိုင်လပါတီညီလာခံ အထိ ရောက်နိုင်သည်ဟု ဆိုသည်။

နိုဝင်ဘာ ၈ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲတွင်လည်း ဟီ လာရီကလင်တန်နှင့်ဒေါ်နယ်ထရန့် တို့သာပြိုင်လိမ့်မည် ဟုခန့် မှန်း ထား ကြသည်။ ရီပတ်ဘလီ ကန်ပါတီမှ သမ္မတ လောင်းမာကိုရူဘီဟန်မှာ သူ၏ဌာနေ ဖလော်ရီဒါပြည်နယ်၌ရှုံးနိမ့်၍ သမ္မတ လောင်းပြိုင်ပွဲ
မှနုတ် ထွက်ကြောင်း ကြေညာ ခဲ့ကြောင်း သိရသည်။

REF- AFP

#Democracy Today

Last modified onThursday, 17 March 2016 00:23
Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191