Friday, 13 October 2017 15:30

နှစ်ပေါင်းများစွာအတွင်း ဗီယက်နမ်နိုင်ငံတွင် ဆိုးဆိုးရွားရွားရေကြီးမှုကြောင့် သေဆုံးသူ ၅၄ ဦးအထိ မြင့်တက်လာ

Written by
Rate this item
(0 votes)

ဟန္နိုင်း အောက်တိုဘာ ၁၃

ယခုသီတင်းပတ်အတွင်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ဆိုးဆိုးရွားရွားရေကြီးမှုကြောင့် အနည်းဆုံး လူ ၅၄ ဦးသေဆုံးခဲ့ပြီး ၃၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးကာကွယ်ရေးအေဂျင်စီက သောကြာနေ့တွင် ပြောကြားလိုက်သည်။ ဗီယက်နမ်နိုင်ငံသည် ရှည်လျားသော ကမ်းရိုးတန်းကြောင့် ဖျက်အားပြင်း မုန်တိုင်းများနှင့် ရေကြီးမှုဒဏ်ကို အလူးအလဲခံ စားနေရသည်။ ပြီးခဲ့သောလအတွင်း အလယ်ပိုင်းရှိ ပြည်နယ်များကို တိုက်ခတ်ခဲ့သော တိုင်ဖုန်းမုန်တိုင်းကြောင့်အပျက်အစီး များပြားခဲ့သည်။ ယခုသီတင်းပတ် တနင်္လာနေ့တွင် စတင်ခဲ့သော ရေကြီးမှုများမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး ငုယင် ရွှမ် ချောင်၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် ဗီယက်နမ်ရုပ်သံက ကိုးကားထုတ်လွှင့်သည်။

ဟွာဘင်းပြည်နယ်ရှိ အိမ်နီးနားချင်း မိသားစု ၄ ခုမှ လူ ၁၉ ဦးမှာ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်းယံ အချိန်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ကြာသပတေးနေ့အစောပိုင်းတွင် အရှင်လတ်လတ် မြေဖုံးလွှမ်းခံလိုက် ရသော်လည်း အလောင်း ၉ လောင်းကိုသာ ရှာတွေ့ထားကြောင်း သဘာဝဘေးအေဂျင်စီက အစီရင်ခံစာတစ်ခုထဲတွင် ဖော်ပြထားသည်။ ရေကြီးမှုနှင့် မြေပြိုမှုတို့ ကြောင့် အိမ်ခြေ ၃၁၇ လုံးမှာ ပြိုပျက်ခဲ့ရပြီး အခြားအိမ် ၃ သောင်း ၄ ထောင်ကျော်မှာလည်း နစ်မြုပ်၊ ပျက်စီးခဲ့ ရကြောင်း သိရသည်။

စပါးစိုက်ကွင်း ဟက်တာ ၂ သောင်းကျော်မှာလည်း ထိခိုက်ခဲ့ရပြီး တိရိစ္ဆာန် အကောင်ရေ ၁ သိန်း ၈ သောင်းကျော်မှာ သေဆုံးခြင်း၊ရေထဲသို့ မျောပါခြင်းတို့ ဖြစ်ပွားခဲ့ရသည်။ ဗီယက်နမ်နိုင်ငံ အနောင်ဘက် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၇ ခုမှ ၇ ခုတွင် ရေကြီးမှုကိုခံစားခဲ့ကြရကြောင်း သဘာဝဘေး ကာကွယ်ခြင်းနှင့် လျှော့ချရေး ဌာနက ကြာသပတေးနေ့တွင်ပြောကြားခဲသည်။ ထိုင်းနိုင်ငံ၏ ရှိ လယ်ယာမြေ ဧက ၁ ဒသမ ၂ သန်းကျော်မှာလည်း ထိခိုက်ခဲ့ရကြောင်းအ ဆိုပါ ဌာနက ဆိုသည်။

Ref:Reuters

Read 1251 times
Login to post comments