Friday, 13 October 2017 15:31

မြောက်ကိုရီးယားနျူကလီးယားစမ်းသပ်သည့်နေရာအနီး ငလျင်လှုပ်ခတ်ခဲ့

Written by
Rate this item
(0 votes)

ဆိုးလ် အောက်တိုဘာ ၁၃

သောကြာနေ့ အရုဏ်မတက်မီအချိန်တွင် မြောက်ကိုရီးယားနိုင်ငံရှိ နျူကလီးယားစမ်းသပ်သည့် နေရာတစ်ခုအနီး ပြင်းအား ၂ ဒသမ ၉ မဂ္ဂနီကျုရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ရှား သွားခဲ့ကြောင်း သိရပြီး ယင်းငလျင်သည့် လူ့ပယောဂကြောင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပုံမရကြောင်း တောင်ကိုရီးယား ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄၁ မိနစ် အချိန်တွင် မြေအောက် အနက် ၅ ကီလိုမီတာကို ဗဟိုပြုလှုပ် ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေး အဖွဲ့က ပြောကြားပြီး ငလျင်ဗဟိုပြုချက်သည် ဖြောင်ဂဲရီ နှူကလီးယား စမ်းသပ်သည့် နေရာ၏ မြောက်ဘက်တွင် ရှိသည်ဟုဆိုသည်။

အမေရိကန်အေဂျင်စီက "ဒီငလျင်ဟာ ယခင်က မြောက်ကိုရီးယားနျူကလီးယား စမ်းသပ်ခဲ့တဲ့ ဧရိယာထဲမှာရှိပါတယ်၊ ဒါပေမယ့် သဘာဝအတိုင်း လှုပ်ခတ်တာလား၊ လူ့ပယောဂကြောင့် လှုပ်ခတ်တာလားဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး" ဟု ပြောကြားခဲ့သည်။ သို့သော် တောင်ကိုရီးယားရှိ ကိုရီးယားမိုးလေဝသစီမံခန့်ခွဲရေးအဖွဲ့က သဘာဝအတိုင်း လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ကြောင်း ယင်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ငလျင်ကြောင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက်တွင် မြောက်ကိုရီးယားတို့၏ ဆဌမမြောက်နှင့်အကြီးမား ဆုံးနျူကလီးယားစမ်းသပ်မှုပြီးနောက် ငလျက်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် ယင်းဒေသတွင်း ပြင်းအား ၃ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး သီတင်း ၃ ပတ်အကြာတွင် ထပ်မံလှုပ်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။

Ref:AFP

Read 1337 times
Login to post comments