Main menu
HOT NEWS
adv
အမေရိကန် သမ္မတ ဖြစ်လာပါက အီးမေးလ်ကိစ္စနှင့် ပတ်သက်၍ ဟီလာရီ ကလင်တန်ကို ထောင်ထဲ ပို့ပစ်မည်ဖြစ်ကြောင်း ထရန့် ကြွေးကြော်

အမေရိကန် သမ္မတ ဖြစ်လာပါက အီးမေးလ်ကိစ္စနှင့် ပတ်သက်၍ ဟီလာရီ ကလင်တန်ကို ထောင်ထဲ ပို့ပစ်မည်ဖြစ်ကြောင်း ထရန့် ကြွေးကြော်

စိန့်လူးဝစ် အောက်တိုဘာ ၁၀   
                                                             
ရီပါဘလစ်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရန့်က သူသာ သမ္မတဖြစ်လာပါက ဟီလာရီကလင်တန်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်စဉ်အခါက ကိုယ်ပိုင်အီးမေးလ်အသုံးပြုခဲ့သည့်အတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းကို ထောင်ထဲပို့ပစ်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
 
 
၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သမ္မတအိုဘားမား၏ သံတမန်ရေးရာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ်အခါက အမျိုးသားလုံခြုံရေးကို အန္တရာယ်ကျရောက်စေခဲ့သည့်အတွက် အဆိုပါကိစ္စကို စုံစမ်းစစ်ဆေး ရန် အထူးစုံစမ်းစစ်ဆေးရေးမှူးတစ်ဦးကို ခန့်အပ်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲတွင် ထရန့်က ကလင်တန်ကို "ကိုယ့်ကိုကိုယ် ရှက်တတ်ဖို့ကောင်း တယ်" ဟုပြောကြားခဲ့သည်။ ထရန့်အနေဖြင့်သူ၏ စိတ်ထားကြောင့် သမ္မတဖြစ်လာမည် မဟုတ်ကြောင်းပြန်လည်ချေပရာတွင် ထရန့်က "မင်းက ထောင်ထဲမှာရှိနေရမှာလေ" ဟုပြန်လည်ပြောဆိုခဲ့သည်။
 
Ref:AFP
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616