Main menu
HOT NEWS
adv
ဂျပန်၊ ဖူကူအိုကာ မြို့လယ်တွင် တွင်းနက်ကြီးဖြစ်ပေါ်၊ အနီးအနားရှိ လူများ ဘေးလွတ်ရာရွှေ့ပြောင်း

ဂျပန်၊ ဖူကူအိုကာ မြို့လယ်တွင် တွင်းနက်ကြီးဖြစ်ပေါ်၊ အနီးအနားရှိ လူများ ဘေးလွတ်ရာရွှေ့ပြောင်း

ဖူကူအိုကာ၊ နိုဝင်ဘာ ၈

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့လယ်တွင် နိုဝင်ဘာ ၈ ရက်က တွင်းနက်ကြီးဖြစ်ပေါ်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းပြတ်တောက်ခြင်းနှင့်ဘဏ် လုပ်ငန်းရပ်တန့်ခြင်းတို့ဖြစ်ပေါ်ခဲ့သည်ဟု ဒေ သ အာဏာပိုင်များက ပြောသည်။ မြို့လယ်လမ်းကြီးတွင် တွင်းနက်ကြီးဖြစ်ပေါ်လာပြီး အနီးအနားရှိအဆောက်အအုံများပြိုကျ မည်စိုးရိမ်ရသဖြင့် လူအများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

မတော်တဆမြေပြိုကျမှုနှင့်ပတ်သက်ပြီး Nanakuma မြေအောက်မီးရထားလိုင်း၏ ဆောက်လုပ်ရေးလုပ်ငန်းကြောင့် ပြိုကျခြင်း ဖြစ်နိုင်သည်ဟု သံသယရှိကြောင်း ဒေသအာဏာပိုင်များက ဆိုသည်။ ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် မြို့လယ်တွင် တွင်းအ၀အကျယ်မှာ စတုရန်းမီတာ ၂၀ အကျယ်ရှိ ကြောင်း၊ အနီးအနားရှိအဆောက် အအုံမှာပြိုကျနိုင်ကြောင်း မျက်မြင် ကြုံတွေ့သူများကပြောသည်။ ယင်း မတော်တဆမှုကြောင့် လူထိခိုက် ဒဏ်ရာရခြင်းမရှိကြောင်း၊ ဖူကူအိုကာဘဏ်၏ အင်တာနက်စနစ်ချို့ယွင်းသွားသဖြင့် ဘဏ်လုပ်ငန်းများရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။ ဖူကူအိုကာမြို့ရှိ အိမ်ခြေ ၈၀၀ ကျော်လျှပ်စစ် မီးပြတ်တောက်ခဲ့ကြောင်း Kyushu လျှပ်စစ်ကုမ္ပဏီကပြောသည်။


ဖူကူ JR Ha Kata ဘူတာရုံအနီးတွင် မြေပြို ကျမှုဖြစ်ပွားပြီး လမ်းတွင်တွင်းနက်ကြီး ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းနေရာ အနီးတွင် ရဲလုံခြုံရေးချထားပြီး အနီးအနားရှိအဆောက်အအုံများမှ လူများကို ဘေးလွတ်ရာ သို့ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ "ရုတ်တရက်လျှပ်စစ်မီးပျက်သွားပြီး အသံအကျယ်ကြီးကြားလိုက်တယ်။ အိမ်ပြင်ထွက်ပြီးတော့ ကြည့်လိုက်တော့ လမ်းမှာတွင်းနက်ကြီးဖြစ်နေတာတွေ့ရတယ်" ဟု မတော်တ ဆဖြစ်ပွားရာ အနီးရှိဒေသခံတစ် ဦးကပြောသည်။
 
Ref:BangkokPost
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616