Saturday, 21 October 2017 15:33

လပေါ်တွင် တွေ့ရှိထားသော အလွန်ကြီးမားသည့် ဂူကြီးထဲတွင် အာကာသယာဉ်မှူးများ နေထိုင်နိုင်ကြောင်း ဂျပန် သိပ္ပံပညာရှင်များပြော

Written by
Rate this item
(0 votes)

တိုကျို၊ အောက်တိုဘာ ၂ဝ

 

ဂျပန်နိုင်ငံ အာကာသအေဂျင်စီမှသိပ္ပံပညာရှင်များသည် အာကာသယာဉ်မှူးများအနေဖြင့် အန္တရာယ်ရှိသော ဓာတ်ရောင်ခြည်သင့်နှင့် အပူချိန်ကွာခြားချက်များမှုမှ ကာကွယ်ရန်နိုင်ရန်အတွက် တစ်နေ့တွင် အခြေစိုက်စခန်းတစ်ခုဖြစ် ဖန်တီးနိုင်မည့် အလွန်ကြီးမားသောဂူတစ်ခုကို လပေါ်တွင် ရှာဖွေတွေ့ရှိထား ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် တာဝန်ရှိသူများက ပြောကြား လိုက်သည်။  ဂျပန်နိုင်ငံက လပတ်လမ်း ကြောင်းတွင် လွှတ်တင်ထားသော SELENE  ဂြိုဟ်တုမှပေးပို့သော အချက်အလက်များအရ လွန်ခဲ့သော နှစ် ၃ဒသ၅ ဘီလီယံခန့်က မီး တောင်ပေါက်ကွဲမှုမှတစ်ဆင့် ဖြစ် ပေါ်ခဲ့သော ချော်ရည်ြ>ွပန်တစ်ခုဖြစ်သည်ဟု ယုံကြည်ရကာ အရှည်၅ဝ ကီလိုမီတာရှိပြီး အကျယ် ၁ဝဝ မီတာ ရှိသည့်လိုဏ်ဂူတစ်ခုတည်ရှိနေမှုကို အတည်ပြုနိုင်ခဲ့ကြသည်။

 

 


အဆိုပါတွေ့ရှိမှုကို ယခုသီတင်း ပတ်ထုတ် အမေရိကန်သိပ္ပံမဂ္ဂဇင်း Geophysical Research Letters တွင် ဖော်ပြထားသည်။  ဂျပန်အာကာသစူးစမ်းရှာဖွေ ရေးအေဂျင်စီမှ သုတေသီတစ်ဦး ဖြစ်သူ ဂျူနီချီဟာရူယာမာက ''အဲဒီ နေရာတွေမှာ ချော်ရည်ြ>ွပန်တွေရှိ နေနိုင်မယ်လို့ ကျွန်တော်တို့သိထားပါတယ်။ ဒါပေမဲ့ အခုအထိတော့ သူတို့ရဲ့တည်ရှိမှုကို အတည်မပြုနိုင် သေးပါဘူး''ဟု အေအက်ဖ်ပီသတင်းဌာနကို အောက်တိုဘာ ၁၉ရက်တွင် ပြောကြားခဲ့သည်။  Marius Hills ဟုခေါ်သော ဒေသအောက်ခြေတွင် တည်ရှိသော မြေအောက် ဥမင်လိုဏ်ခေါင်းသည် လ၏မျက်နှာပြင်တွင် ဖြစ်ပေါ်တတ် သောဓာတ်ရောင်ခြည်သင့်မှုနှင့် အပူချိန်ကွာခြားချက် များပြားခြင်းတို့ထံ မှ အာကာသယာဉ်မှူးများကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 


ဟာရူယာမာက ''ကျွန်တော်တို့ဟာ ဂူအတွင်းပိုင်းထဲကိုတော့ မမြင် တွေ့နိုင်သေးပါဘူး။ ဒါကြောင့်အ သေးစိတ်အချက်အလက်တွေ ပိုမို ဖော်ထုတ်ရရှိဖို့ မျှော်လင့်ချက်အမြင့်ဆုံးရှိနေပါတယ်''ဟု ပြောဆိုထားသည်။ အဆိုပါကြေညာချက်သည် ၂ဝ၃ဝခုနှစ်ဝန်းကျင်တွင်လပေါ် သို့ အာကာသယာဉ်မှူးတစ်ဦးစေ လွှတ်နိုင်ရန် ရည်မှန်းချက်ထားပြီး စီစဉ်ထားကြောင်း ဂျပန်နိုင်ငံက ပြီးခဲ့သည့် ဇွန်လတွင် ပြောကြားခဲ့ပြီး နောက်ယင်းကြေညာချက်ထွက် ပေါ်လာခြင်းဖြစ်သည်။ ယင်းသည် နိုင်ငံတကာအာကာသစခန်းအလွန် နေရာတစ်ခုသို့ အာကာသာယာဉ်မှူးတစ်ဦးကို စေလွှတ်ရန် ရည်မှန်းထားကြောင်း အေဂျင်စီ၏ပထမဆုံးထုတ်ဖော်ပြောဆိုမှုလည်း ဖြစ်သည်။

 


အင်္ဂါဂြိုဟ်သို့ရောက်ရှိရန် နာဆာအဖွဲ့၏ ကာလရှည်ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသအဖြစ် လပတ်လမ်းကြောင်းတွင် အာကာသစခန်းတစ်ခုကိုတည်ဆောက်ရန် ၂ဝ၂၅ ခုနှစ်တွင် နာဆာဦးဆောင်သော မစ်ရှစ်တစ်ခုတွင် ပူးပေါင်းရန်လည်း စီစဉ်ထားသည်။ အမေရိကန်နိုင်င ကလည်း လပေါ်သို့ အာကာသယာဉ် မှူးများစေလွှတ်ရန် စီစဉ်ထားကြောင်း ကြေညာထားသည်။  အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပန့်စ်က ''ကျွန်တော်တို့ဟာ လပေါ်မှာ ခြေရာနဲ့ အလံတိုင်တွေကိုပဲ ချန်ထားခဲ့ဖို့အတွက်သာမက အင်္ဂါဂြိုဟ်နဲ့ ယင်းအလွန်သို့ အမေရိကန်တွေကိုစေလွှတ်နိုင်ဖို့လိုအပ်တဲ့ အခြေခံကိစ္စရပ်တွေကို တည် ဆောက်ဖို့အတွက် လပေါ်သို့ အမေရိကန်အာကာသယာဉ်မှူးတွေကို ပြန်လည်စေလွှတ်မှာဖြစ်ပါတယ်'' ဟု ယခုလအစောပိုင်းတွင် ပြောဆိုထားသည်။

 


တရုတ်နှင့် အိန္ဒိယတို့ကလည်း ၎င်းတို့၏ အာကာသအစီအစဉ်များ အတွက်တိုးတက်စေရေး လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ ရှန်ဇူ- ၁၁ အာကာသယာဉ်သည် အရှည် ကြာဆုံး ကမ္ဘာပတ်မစ်ရှင်တစ်ခုကို ထမ်းဆောင်ပြီး အာကာသယာဉ်မှူး နှစ်ဦးနှင့်အတူ ကမ္ဘာမြေသို့ပြန်လာခဲ့သည်။ တရုတ်အစိုးရသည်လည်း ယခုဆယ်စုနှစ်အကုန်ပိုင်းတွင် ဂြိုဟ် နီကြီးဟုခေါ်သော အင်္ဂါဂြိုဟ်သို့ ရိုဗာကားစက်ရုပ်တစ်ခုကို စေလွှတ်ရန် အစီအစဉ်အသေးစိတ်ကို ထုတ်ပြန် ကြေညာခဲ့သည်။ နာဆာနှင့်အခြား ကမ္ဘာပေါ်ရှိ အာကာသအေဂျင်စီများသည်လည်း ၂ဝ၃ဝ ပြည့်လွန်နှစ်များတွင် အင်္ဂါဂြိုဟ်သို့ အာကာသယာဉ်မှူးများကို စေလွှတ်ရန် ကြိုး စားလုပ်ဆောင်လျက်ရှိသည်။

 


Ref:AFP

 

Read 991 times
Login to post comments