HOT NEWS
Main menu
adv
ခရစ္စမတ်နေ့ ဖိလစ်ပိုင်သို့ မုန်တိုင်းကြီး ဝင်မည်

ခရစ္စမတ်နေ့ ဖိလစ်ပိုင်သို့ မုန်တိုင်းကြီး ဝင်မည်

မနီလာ၊ ဒီဇင်ဘာ ၂၄

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း တစ်ခုသည် ဖိလစ်ပိုင်နိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)တွင် တိုက်ခတ်ဖွယ်ရှိသည်ဟု ဖိလစ်ပိုင် မိုးလေဝသအရာရှိများက ဒီဇင်ဘာ ၂၃ ရက်က သတိပေးပြောဆိုလိုက်သည်။ ယင်းသည် ကက်သလစ်ခရစ် ယာန်ဘာသာဝင်များစွာရှိနေသည့် နိုင်ငံတစ်နိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များအဖို့ အရေးတကြီးနေ့အဖြစ် သတ်မှတ်ထားသောနေ့ဖြစ် နေ၍ လူများစွာတို့ မုန်တိုင်းအပေါ် အာရုံစိုက် လာကြပြီဖြစ်သည်။


Nack-Ten အမည်ရသော ယင်းမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၉၄ ကီလိုမီတာ (မိုင် ၁၂ဝ)နှုန်းဖြင့်ဖွဲ့စည်းတည်ရှိနေကာ နိုင်ငံအရှေ့ဘက်ပိုင်းဆီသို့ တစ်နာရီလျှင် ၂၄၁ ကီလိုမီတာနှုန်းဖြင့်ရွေ့ လျား လာနေ၍ တနင်္ဂနွေနေ့တွင် လူဇုန်ကျွန်းသို့ရောက်လာနိုင်ကြောင်း အမေရိကန်ပူးတွဲ တိုင်ဖွန်းလေ့လာ ရေးစင်တာက သတိပေးပြောဆိုလိုက်သည်။ ဖိလစ်ပိုင်ရာသီဥတုဗျူရိုကမူ လေတိုက်နှုန်း ယခုထက်ပိုလာနိုင် သည်ဟူ၍ ခန့်မှန်းပြောဆိုလိုက်သည်။ ''အစိုးရအနေနဲ့ ကယ်ဆယ် ထောက်ပံ့ရေးစီစဉ်မှုတွေ ပြုလုပ် ထားရှိပြီးဖြစ်ပေမယ့် ပြည်သူများ အနေနဲ့ကတော့ ယင်းနေ့မုန်တိုင်းကို သတိပြုကာကွယ်သင့်ပါတယ်''ဟူ၍ အမျိုး သားသဘာဝဘေးအန္တရာယ် လျော့ပါးမှုစီမံခန့်ခွဲရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ရိုမီနာမာရာ ဆင်ဂန်က အေအက်ဖ်ပီသတင်းဌာန သို့ ပြောကြားလိုက်သည်။


ခရစ္စမတ်ကဲ့သို့သောနေ့မျိုးတွင် ဖိလစ်ပိုင်ပြည်သူများ သန်းနှင့်ချီ၍ ရေလမ်း၊ ကုန်းလမ်းခရီးများဖြင့် အားလပ်ရက်ခရီးထွက်ခွာလေ့ရှိသည်။ မနီလာတွင် ခရစ္စမတ်နေ့မုန်တိုင်းများ ယခုလမ်းကြောင်းအတိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ဖူးသည်ဟု ဒေသန္တရမိုးလေဝသအရာရှိများက ပြောဆိုလိုက်သည်။  မုန်တိုင်းတိုက်ခတ်မှုတွင် အဓိကအန္တရာယ်မှာ မြေပြိုခြင်း၊ မိုးသည်းထန်မှုကြောင့် ရေကြီးခြင်းများအား ကမ်းခြေနေလူအများ တွေ့ ကြုံ ရသော အန္တရာယ်များဖြစ်သည်။ ပစ္စဖိတ်သမုဒ္ဒရာမှ ဖွဲ့စည်းဖြစ် ပေါ်လာသောမုန်တိုင်းများသည် ဖိလစ်ပိုင်သို့ တစ်နှစ်လျှင် အကြိမ် ၂ဝ ခန့်မျှဝင်ရောက်တိုက်ခတ်လေ့ရှိပြီး အများအားဖြင့် အန္တရာယ်ပေးနိုင် သော အဆင့်ရှိ မုန်တိုင်းကြီးများဖြစ် ကြသည်။ အဆိုးရွားဆုံးသောတိုင်ဖွန်း မုန်တိုင်းမှာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ က နိုင်ငံအလယ်ပိုင်းသို့ဝင်ရောက် တိုက်ခတ်ခဲ့သော ဟိုင်ယန်တိုင်ဖွန်း မုန်တိုင်းဖြစ်ပြီး လူ ၇၃၅ဝ ခန့် မုန် တိုင်းကြောင့် သေဆုံးခဲ့ရသည်။

Ref : AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS