HOT NEWS
Main menu
adv
ဂျေရုဆလင်တွင် ထရပ်ကားဖြင့် အကြမ်းဖက် တိုက်ခိုက်၊ အစ္စရေး စစ်သား လေးဦးသေဆုံး

ဂျေရုဆလင်တွင် ထရပ်ကားဖြင့် အကြမ်းဖက် တိုက်ခိုက်၊ အစ္စရေး စစ်သား လေးဦးသေဆုံး

ဂျေရုဆလင်၊ ဇန်နဝါရီ ၁၀


ဂျေရုဆလင်မြို့တွင် ဇန်နဝါရီ  ၈ ရက်က နိုင်ငံခြား ခရီးသွားများနှင့် ဘုရားဖူးများ အများဆုံး သွားရောက်လေ့ရှိသော Dome of the Rock နေရာ၌ အကြမ်းဖက် သမားတစ်ဦးက ထရပ်ကားဖြင့် လာရောက်လည် ပတ်သော အစ္စရေး စစ်သားများအား ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးစစ်သား လေးဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အစ္စရေးအာဏာပိုင်တို့ ကပြောသည်။

 

ယင်း အကြမ်းဖက် တိုက်ခိုက်မှုပြုလုပ်ခဲ့သော  ထရပ်ကားဒရိုင်ဘာသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အကြမ်းဖက်အဖွဲ့က စီစဉ်ခဲ့သည်ကို ထုတ်ေ ဖ်ာပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ အစ္စရေးစစ်သားများ တိုက်ခိုက်ခံရသည့်နေရာသို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ''အကြမ်းဖက် တိုက် ခိုက်သူ၏ ပုံသဏ္ဌာန်ကိုကြည့်ပြီးပြောရရင် IS  အဖွဲ့က ယခုတိုက်ခိုက်မှုကို ညွှန်ကြားခဲ့တယ်လို့ယူဆလို့ရပါတယ်''ဟု Netanyahu ကပြောသည်။ အကြမ်းဖက်တိုက်ခိုက်သော ဒရိုင်ဘာသည် ပါလက်စတိုင်း လူမျိုး တစ်ဦးဖြစ်ပြီး ဂျေရုဆလင်မြို့ အရှေ့ခြမ်း Jabal Mukaber  မြို့နယ်မှ Fadi Al-Qanbar  ဖြစ်သည်ဟု ပါလက်စတိုင်းလုံခြုံရေးအဖွဲ့ကပြောသည်။ အကြမ်းဖက်တိုက်ခိုက်သူ၏ မိသားစုဝင် ငါးဦးကို ဖမ်းဆီး၍ စစ်ဆေးမေးမြန်းနေကြောင်း အစ္စရေး ရဲတပ်ဖွဲ့ကပြောသည်။


လမ်းဘေးတွင် ရပ်နေသော အစ္စရေးစစ်သား အုပ်စုအတွင်းသို့ ထရပ်ကားဒရိုင်ဘာက အတင်းဝင် ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အစ္စရေးစစ်သားတစ်ဦးက အကြမ်းဖက်တိုက်ခိုက်ခံရမှန်း သိရှိသဖြင့် ဒရိုင်ဘာကို ပစ် ခတ်ရှင်းလင်းခဲ့ရကြောင်း၊  ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း၊  အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Micky Rosenfeld ကပြောသည်။ ထရပ်ကားလေကာမှန်တွင် သေနတ် ကျည်ဆန် အရာများတွေ့ရှိရပြီး ထရပ်ကား တိုက်ခိုက်ခံရသဖြင့် အစ္စရေးစစ်သမီး သုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသော စစ်သားများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၅  အောက်တိုဘာလမှစ၍ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခပြန်လည်ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၄၇ ဦး၊ အစ္စရေး ၄ဝ နှင့်နိုင်ငံခြားသား ငါးဦးသေဆုံးခဲ့သည်။  

AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS