Main menu
HOT NEWS
adv
ထရန့် ရာထူးအပ်နှင်းခြင်း အခမ်းအနား မတိုင်မီ ကျူးဘားနှင့် အမေရိကန် ပြည်ထောင်စုတို့က  ရေနံ ယိုဖိတ်မှု သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး

ထရန့် ရာထူးအပ်နှင်းခြင်း အခမ်းအနား မတိုင်မီ ကျူးဘားနှင့် အမေရိကန် ပြည်ထောင်စုတို့က ရေနံ ယိုဖိတ်မှု သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး

ဟာဗားနား

ကျူးဘားနှင့် အမေရိကန် ပြည်ထောင်စုတို့က မက္ကဆီကို ပင်လယ်ကွေ့တွင် ရေနံနှင့် အခြားသော အဆိပ်အတောက်များ ဖိတ်လျှံမှုနှင့် ပတ်သက်သည့် သန့်ရှင်းရေးအတွက် ပူးတွဲကာကွယ်ရန် သဘောတူညီမှု ပြု ခဲ့ကြောင်းသိရသည်။ အမေရိကန် ပြည်ထောင်စုတွင် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသော ဒေါ်နယ်ထရန့်ကို ရာထူးအပ်နှံခြင်း မပြုမီ သဘောတူညီမှုနှင့် ပတ်သက်၍ အပြီးသတ်ရန် အပြေးအလွှား လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။


ရေနံဖိတ်လျှံမှု သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည် ရေမိုင် ၉ဝ ခွဲခြားထားသော အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံ၏ မျှဝေအသုံးပြုနေသော ပင်လယ်ရေပိုင်း ပတ်ဝန်းကျင်ကာကွယ်ရေး သဘောတူညီချက်များထဲမှ တစ်ခုဖြစ်သည်ဟုဆိုသည်။ ကျူးဘားနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လိုက်လျောမှုပြုခြင်းကို ထပ်မံလုပ်ဆောင်ခြင်းမရှိပါက နှစ်နိုင်ငံအကြားရှိ နိုင်ငံအချင်းချင်းနားလည်မှုကို ပယ်ဖျက်ပစ် မည်ဖြစ်ကြော င်း မစ္စတာထရန့်က ခြိမ်းခြောက် မှု ပြုထားသည်။


အမေရိကန်ကုမ္ပဏီတို့နှင့် မကြာမီ အိမ်ဖြူတော်မှ ထွက်ခွာတော့မည့် သမ္မတဘားရက်အိုဘားမားတို့က ရေနံယိုဖိတ်မှု သဘောတူညီမှုကို ကတိုက်ကရိုက် လက်မှတ်ရေးထိုးရသည့် ရည်ရွယ်ချက်မှာ သမ္မတအိုဘား မား နှင့် ကျူးဘားသမ္မတ ရာဟူးလ်ကတ်စထရိုတို့ ၂ဝ၁၄ ခုနှစ်က ဖော်ဆောင်ခဲ့ကြသည့် နှစ် နိုင်ငံအကြား ငြိမ်းချမ်စွာ ယှဉ်တွဲနေထိုင်ရေးမူကို ထရန့်အနေနှင့် ချောင်ထိုးထားခြင်းမှ ရှောင်ရှားနိုင်ရန် ဖြစ်ကြောင်းကို လည်းသိရသည်။


Ref: Reuters

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616