Main menu
HOT NEWS
adv
အမေရိကန် သမ္မတသစ်အဖြစ် မကြာမီ တာဝန်ယူတော့မည့် ဒေါ်နယ်ထရန့် နိုင်ငံတော် တာဝန်ထမ်းရန် အသင့် ဖြစ်နေ

အမေရိကန် သမ္မတသစ်အဖြစ် မကြာမီ တာဝန်ယူတော့မည့် ဒေါ်နယ်ထရန့် နိုင်ငံတော် တာဝန်ထမ်းရန် အသင့် ဖြစ်နေ

ဝါရှင်တန် ဇန်နဝါရီ ၂ဝ

လာမည့် သောကြာနေ့တွင် အိမ်ဖြူတော်၌ အမေရိကန် သမ္မတအနေဖြင့် ဒေါ်နယ်ထရန့် တာဝန်ယူမည် ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးကိစ္စ၊ အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကာရံမည့်ကိစ္စ နှင့် ရာထူးမှအနားယူသွားသည့် သမ္မတဘားရက်အိုဘားမား၏ မူဝါဒများ ပြန်လည်ပြင်ဆင်ရေး ကိစ္စ္စတို့ကို စတင်ကိုင်တွယ်တော့မည်ဖြစ်သည်။



ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဒီမိုကရက်တစ်ပါတီမှ ဘားရက်အိုဘားမား၏ သမ္မတရာထူးကို ဆက်ခံမည့် ထရန့်သည် မြို့တော်ဝါရှင်တန်တွင် ကျင်းပမည့် ကျမ်းသစ္စာကျိန်ဆိုပွဲမကျင်းပမီ တစ်ရက်အလိုတွင် မိသားစုနှင့်အတူ စစ်ဘက်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။ အကူအညီပေးရေးအဖွဲ့များ၏ အဆိုအရ ဒေါ်နယ်ထရန့်သည် ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းရန်မလိုအပ်ဘဲ ပြင်ဆင်နိုင်သော ကိစ္စရပ်များစွာကို သမ္မတအာဏာဖြင့် လက်မှတ်ထိုးရန် စောင့်ဆိုင်းလိမ့်မည်မဟုတ်ကြောင်း ပြောကြားသည်။  ထရန့်၏ ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုင်ဆာက "သူက ပထမဆုံးနေ့မှာတင်မဟုတ်ပါဘူး၊ ဒုတိယနေ့ရော တတိယနေ့မှာပါ စစ်မှန်တဲ့အပြောင်းအလဲအတွက် သတ်မှတ်ထားတဲ့ လုပ်ငန်းအစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ မကြာမီရောက်ရှိလာတော့မယ့် ရက်တွေနဲ့ သီတင်းပတ်တွေကို ပြည်သူတွေက စောင့်မျှော်နေကြလိမ့်မယ်လို့ ထင်ပါ တယ်" ဟုပြောကြားသည်။


Ref:Reuters

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191