Main menu
HOT NEWS
adv
ထရန့်၏ ခရီးသွား တားမြစ်မှုကို ဝါရှင်တန်တွင် လူ ထောင်ပေါင်းများစွာ ဆန္ဒပြ

ထရန့်၏ ခရီးသွား တားမြစ်မှုကို ဝါရှင်တန်တွင် လူ ထောင်ပေါင်းများစွာ ဆန္ဒပြ

ဒါးလပ်စ်(အမေရိကန်)၊ ဇန်နဝါရီ ၃၁

ထောင်ပေါင်းများစွာသော ဆန္ဒပြလူအုပ်ကြီးများ၊ ရှေ့နေဆန္ဒ ပြသူများပါဝင်သော လူစုလူဝေးကြီးသည် ဇန်နဝါရီ ၂၉ ရက်က ဝါရှင်တန်၊ ဒါးလပ်စ်နိုင်ငံတကာလေဆိပ် ဆီသို့သွားရောက်ကာ သမ္မတဒေါ် နယ်ထရန့်၏ မူဆလင်နိုင်ငံများမှ ခရီးသွားများကန့်သတ်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ဇန်နဝါရီ ၃ဝ ရက်သတင်းများအရ သိရသည်။


သမ္မတဒေါ်နယ်ထရန့် ဇန်နဝါရီ ၂၇ ရက်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သော အဆိုပါအမိန့်ကို အမေရိကန်နိုင်ငံတစ်ဝန်းမှ ကန့်ကွက်ဆန္ဒပြသူများသည် အိမ် ဖြူတော်အပြင်ဘက်၌ စတင်စုဝေးခဲ့ကြသည်ဟု ဗာဂျီးနီးယား၌ နေသူ အသက်(၃၈)နှစ်အရွယ် အီရတ်နိုင်ငံ တွင်မွေးဖွားခဲ့သူ အမေရိကန်နိုင်ငံသား ဆစ်ဖ်ရာမန်ကပြောကြားလိုက်သည်။ ၎င်းသည်တူရကီနိုင်ငံအစ္စတန်ဘူလ်မှ အမေရိကန်သို့ ဖရန့်ဖတ်မှတစ်ဆင့် ပြန်လာခဲ့ရာတွင် ထရန့်၏အမိန့်ကြောင့် လေယာဉ်မှ ဆင်းသက်ခဲ့ရသူခရီးသည်များအား နယ်ခြားစောင့်ရဲနှစ်ဦးက စောင့်ကြပ်နေသည်ကိုတွေ့ခဲ့ရသည်ဟုလည်း ပြောကြားလိုက်သည်။ ၎င်းနှင့်တကွ ခရီးသည် ၁၆ ဦးတို့လည်း လေဆိပ်တွင် အစစ်ဆေးခံခဲ့ကြရသည်ဟုလည်း ပြောကြားလိုက်သည်။


''ကျွန်တော်တို့ အမေရိကန် နိုင်ငံရဲ့စံနှုန်းတွေ ထိန်းသိမ်းနိုင်ဖို့ ဒီအခက်အခဲတွေကိုကျော်လွှားနိုင် လိမ့်မယ်လို့မျှော်လင့်ပါတယ်''ဟူ၍လည်း ဆက်လက်ပြောကြားလိုက်သည်။ ထရန့်၏အမိန့်အရ အမေရိကန်သို့လာရောက်မည့် ဆီးရီးယားမှ ခိုလှုံဒုက္ခသည်များကို ရက်အကန့် အသတ်မရှိ၊ ဆီးရီးယား၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်နှင့် ယီမင်နိုင်ငံသားများကို ရက်ပေါင်း ၉ဝ တားမြစ်ထားသည်ဟုသိရသည်။ ''သမ္မတရဲ့ ခရီးသွားတားမြစ် အမိန့်ကြီးဟာ ကြောက်စရာကြီးဗျာ၊ ဒီဆိုးရွားတဲ့အမိန့်ကြီးကို ကျွန်တော်တို့ကကန့်ကွက်သွားရမှာပဲ''ဟု ဒီမို ကရက်တစ်အမတ် ဂျွန်ဒယ်လာနီက အေအက်ဖ်ပီသတင်းဌာနသို့ပြော ကြားလိုက်သည်။ ''ဒါမှသူ့အမှားသူ သိသွားမှာ''ဟူ၍ ၎င်းကဆက်လက် ပြောကြားလိုက်သည်။ ''ကျွန်တော်ဟာ မိသားစုလိုက် လူမျိုးတုံးသတ်ဖြတ်တာခံခဲ့ရပြီးပါပြီ။ အခုဒီရှက်စဖွယ်တားမြစ်အမိန့် ကြီးနဲ့ ရင်ဆိုင်နေရပြန်ပါပြီ။ မမှန်ကန်ဘူးလို့ထင်တဲ့အရာတစ်ခုကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ဆန့်ကျင်သွားရမှာပဲ''ဟု ဆန္ဒပြသူတစ် ဦးဖြစ်သော အသက်(၃၁)နှစ်အရွယ် မင်ဒယ်လ်ဆန်က ပြောကြားလိုက်သည်။

Ref:AFP

#democracytoday

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616