Main menu
HOT NEWS
adv
အမေရိကန် သမ္မတ ထရန့်၏ စီးပွားရေး ခြိမ်းခြောက်မှုကြောင့် မက္ကဆီကိုနိုင်ငံက စီးပွားရေး မိတ်ဖက်သစ်များ ရှာ

အမေရိကန် သမ္မတ ထရန့်၏ စီးပွားရေး ခြိမ်းခြောက်မှုကြောင့် မက္ကဆီကိုနိုင်ငံက စီးပွားရေး မိတ်ဖက်သစ်များ ရှာ

မက္ကဆီကို၊ ဖေဖော်ဝါရီ ၎

အမေရိကန်နိုင်ငံဈေးကွက်အပေါ် မက္ကဆီကိုနိုင်ငံက မှီခိုအားထားမှုကိုလျှော့ချသည့်အနေဖြင့် ဥရောပနှင့်အာရှနိုင်ငံများတွင် စီးပွားရေး တိုးချဲ့နိုင်ရန် မိတ်ဖက်နိုင်ငံများရှာ ဖွေနေသည်ဟု ဖေဖော်ဝါရီ ၃ ရက် သတင်းများအရ သိရသည်။ မက္ကဆီကိုနိုင်ငံသည် ယူရိုဒေါ်လာ ၅၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံ) တန်ဖိုးရှိကုန်စည် ကူးသန်းမှုများ ၂ဝ၁၅ ခုနှစ်ကပြုလုပ်ခဲ့ပြီးနောက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ဖေဖော်ဝါရီ ၁ ရက်က မက္ကဆီကိုနှင့်ဥရောပသမဂ္ဂတို့ သဘောတူညီခဲ့ကြသည်ဟု သတင်းများအရ သိရသည်။


တစ်ချိန်တည်းမှာပင် မက္ကဆီကိုနိုင်ငံသည် ဥရောပသမဂ္ဂမှထွက်ခွာခဲ့သော ဗြိတိန်နိုင်ငံနှင့်လည်း လွတ်လပ်သောကုန်သွယ်မှုသဘောတူ ညီချက်ရရှိရန် ညှိနှိုင်းဆောင်ရွက်နေသည်ဟု သိရှိရသည်။ ''NAFTA ပြီးဆုံးသွားပြီလို့ ကျွန်တော်မပြောလိုပေမယ့် မက္ကဆီကိုနိုင်ငံဟာ ခုလိုတခြားနိုင်ငံတွေ ဘက်ခြေဦးလှည့်တာဟာ ကောင်းပါတယ်''ဟု စီးပွားရေးသရုပ်ခွဲလေ့လာရေးအဖွဲ့ ဒါရိုက်တာဂေဘရီလာဆီလာက မက္ကဆီကိုဘဏ္ဍာရေးအဖွဲ့(BASE)တွင်ပြောဆိုလိုက်သည်။ မက္ကဆီကိုအစိုးရသည် အမေရိကန်၊ ကနေဒါနိုင်ငံများနှင့်ညှိနှိုင်း ရေးမဟာဗျူဟာအတွက် ပုဂ္ဂလိကကဏ္ဍနှင့်ရက် ၉ဝ ကြာအတိုင်ပင်ခံ ရေးရာပြုလုပ်နိုင်ရန် ဖေဖော်ဝါရီ ၁ ရက်ကစတင်ခဲ့သည်ဟု သိရှိရသည်။ မေလတွင်စတင်မည့် စီးပွားရေးညှိ နှိုင်းမှုများသည် ခက်ခဲမှုများရှိနိုင်မည် ဟုသုံးသပ်ထားသည်။


အမေရိကန်သမ္မတဒေါ်နယ်ထရန့်က NAFTA သည် အမေရိကန်နိုင်ငံအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်နိုင်သောကြောင့် ပြန်လည်သုံးသပ် ညှိနှိုင်းရန် လိုအပ်သည်ဟူ၍ ပြောဆိုခဲ့သည်။ သို့သော် မက္ကဆီကိုသမ္မတ အင်ရစ်ပင်န်နာနီတိုက ထရန့်ပြောသလို ပြန်လည်သုံးသပ်ညှိနှိုင်းမည်ဆိုပါက မက္ကဆီကိုနိုင်ငံ၏အကျိုးစီးပွားအတွက် ကာကွယ်သွားမည်ဟု စိုက်ပျိုးရေးထုတ်လုပ်မှုဦးစီးခေါင်း ဆောင်များအစည်းအဝေး၌ ထုတ် ဖော်ပြောဆိုလိုက်သည်။


NAFTA နှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုများပေါ်ပေါက်နေချိန်တွင် လူဦးရေ ၁ ဒသမ ၃၇ ဘီလီယံရှိသော ဈေးကွက်ကြီးတစ်ခုအဖြစ် တရုတ်နိုင်ငံက သုံးသပ်ကာ အဖွဲ့ဝင်အဖြစ် ပါဝင်နေရေး ချဉ်းကပ် နေသည်ဟု သိရှိရသည်။ တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ JAC Motors သည် မက္ကဆီကို မော်တော်ယာဉ်ထုတ်လုပ်သောကုမ္ပဏီနှင့်ပူးပေါင်းကာ SUV ကားများ နှင့်လက်တင်အမေရိကပြည်တွင်း၊ ပြည်ပဈေးကွက်တင်ပို့နိုင်ရန် အလယ်ပိုင်းပြည်နယ်၏ ဟီဒယ်လ်ဂိုမြို့၌ ဒေါ်လာ ၂၁၂ သန်းအရင်းအနှီး ဖြင့်ပူးတွဲ ထုတ်လုပ်နိုင်ရန် ဖေဖော်ဝါရီ ၁ ရက်က စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည်။ JAC Motors ကုမ္ပဏီသည် သမ္မတထရန့်၏ကားကုမ္ပဏီများအပေါ် အခွန်စည်းကြပ်တင်း ကျပ်လာမှုကြောင့် မက္ကဆီကိုသို့ထုတ် လုပ်မှုပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည် ဖို့ဒ်ကားကုမ္ပဏီကလည်း မက္ကဆီကိုမြောက်ပိုင်းသို့ စက်ရုံပြောင်း ရွှေ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက် နေပြီဖြစ်သည်။ 

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191