Main menu
HOT NEWS
adv
အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးတို့  တွေ့ဆုံဆွေးနွေး

အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀

အမေရိကန်ထိပ်တန်းသံတမန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆင်နှင့်မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးတို့သည် ဖေဖော်ဝါရီ ၈ ရက်က တွေ့ဆုံခဲ့ကြသည်။ သမ္မတထရန့်၏ ကုန်သွယ်ရေးပေါ်လစီအပေါ် စိုးရိမ်လျက်ရှိနေချိန်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့မှာ မြောက်အမေရိကလွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့(NAFTA)အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဤအဖွဲ့ကိုထရန့်က အမေရိကန်အလုပ်အကိုင်များကို ဒုက္ခပေးသည့်အဖွဲ့ဟုပြောခဲ့သည်။ ¤င်းကဤအဖွဲ့ကို ပြန်လည်ညှိနှိုင်း သွားမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။


ထရန့်က မက္ကဆီကိုအား လူဝင်မှုတားမြစ်မည့်နယ်ခြားနံရံတည် ဆောက်ရာတွင် စရိတ်ကိုမျှခံရမည်ဟုပြောခဲ့သည်။ မက္ကဆီကို၏သွင်း ကုန်များကို သွင်းကုန်ခွန်စည်းကြပ်မည့်သဘောရှိသည်ဟု ဆိုသည်။ မြောက်အမေရိကအိမ်နီးချင်းနိုင်ငံများသည် မကြာမီနှစ်များက ထိပ်သီးအစည်းအဝေးတွင် အလွန်စည်းလုံးခဲ့ကြသည်။ တီလာဆင်နှင့် ဆွေးနွေးပွဲတွင် ၎င်းအနေဖြင့် ဆက်ဆံရေးခိုင်မာအောင် ထိန်းသိမ်းရန် ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် မက္ကဆီကိုက နယ်စပ်တံတိုင်းအတွက် ငွေကြေးကျခံ ရန် ငြင်းဆန်ခဲ့သည်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလင်းက ကနေဒါအနေဖြင့် သွင်းကုန်ခွန်ကိစ္စကို မဆွေးနွေးဟု ပြောခဲ့သည်။ ကနေဒါက သင့်တင်လျောက်ပတ်သော တုံ့ပြန်မှုကိုလုပ်ဆောင်သွားမည်ဟု သူမကသတိပေးမှုကို သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သုံးနိုင်ငံဆွေးနွေးမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616