HOT NEWS
Main menu
adv
သမ္မတရုံးကို စီးနင်းရှာဖွေရန် အထူးရှေ့နေရုံး၏ လျှောက်ထားမှုကို တောင်ကိုရီးယား တရားရုံး ပယ်ချ

သမ္မတရုံးကို စီးနင်းရှာဖွေရန် အထူးရှေ့နေရုံး၏ လျှောက်ထားမှုကို တောင်ကိုရီးယား တရားရုံး ပယ်ချ

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၇

တောင်ကိုရီးယားသမ္မတ၏ အိမ်ပြာတော်အား ဝင်ရောက်စီးနင်း ရှာဖွေရန် အထူးရှေ့နေရုံး၏လျှောက်ထားချက်အား တရားရုံးတစ်ခုက ပယ်ချလိုက်ကြောင်း ယွန်ဟတ်သတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ သမ္မတပတ်ဂွမ်ဟေးအား ရာထူးမှပြုတ်ကျနိုင်ဖွယ်ရှိသည့် ကျယ်ပြန့်စွာသြဇာသက်ရောက်မှုရှိသည့် ကျော်မကောင်းကြားမကောင်း မှုကြီးဖြစ်သည်။


ဤအကျင့်ပျက်ခြစားမှုကို အထူးရှေ့နေများအဖွဲ့က စုံစမ်းစစ်ဆေး လျက်ရှိသည်။ ဤအမှုမှာ တောင်ကိုရီးယား၏အကြီးမားဆုံးစီးပွားရေး လုပ်ငန်းစုကြီး ဆမ်ဆောင်းကိုပါ ကူးစက်လောင်ကျွမ်းစေခဲ့သည်။ ရှေ့ နေအဖွဲ့က သမ္မတ၏အိမ်ပြာတော်ကိုဝင်ရောက်ရှာဖွေရန်လျှောက်ထားချက်မှာ ယခုလအစောပိုင်းက သမ္မတရုံးအရာရှိများက ရှာဖွေမှုကို ဟန့်တားခဲ့၍ဖြစ်သည်။

Ref:Reuters

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS