Main menu
HOT NEWS
adv
ယီမင်နိုင်ငံ ဆာနာမြို့အနီး ဗုံးကြဲ၊ အမျိုးသမီး ရှစ်ဦးနှင့် ကလေးတစ်ဦး သေဆုံး

ယီမင်နိုင်ငံ ဆာနာမြို့အနီး ဗုံးကြဲ၊ အမျိုးသမီး ရှစ်ဦးနှင့် ကလေးတစ်ဦး သေဆုံး

ဆာနာ၊ ဖေဖော်ဝါရီ ၁၇

ယီမင်နိုင်ငံ ဆာနာမြို့အနီး အသုဘအခမ်းအနားတစ်ခုသို့ ညအချိန်ဗုံးကြဲခဲ့ရာ အမျိုးသမီးရှစ်ဦးနှင့် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ဆာနာမြို့ဆေးဘက်ဆိုင်ရာများက ပြောကြားခဲ့ကြောင်း AFP သတင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖော် ပြခဲ့သည်။ ဗုံးကြဲမှုကြောင့် အနည်းဆုံးအမျိုးသမီး ၁ဝ ဦးမှာ ဒဏ်ရာရရှိသွားခဲ့ ကြောင်း ဗုံးမှာ အာဟတ်ခရိုင် အသုဘ အခမ်းအနား အမျိုးသမီးများဧည့်ခံသည့်နေရာသို့ကျရောက်ခဲ့သည်။ ဆာနာမြို့တော်မှ ၂၅ မိုင်ကွာဝေး သောနေရာ၌ရှိကြောင်း သိရသည်။ ဒဏ်ရာရသူများကို ဆာနာမြို့ ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သက်ဆိုင်ရာက ပြောခဲ့သည်။


ဆာနာမြို့ကို ဟူသီသူပုန်တို့ ထိန်းချုပ်ထားပြီး ဤဗုံးကြဲမှုကို ဆော်ဒီ ဦးဆောင်သည့် မဟာမိတ်တို့က ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ဤကိစ္စအား မဟာမိတ်အဖွဲ့ပြောခွင့်ရသူက ဝေဖန်ခြင်းမပြုခဲ့ပေ။ အစောပိုင်းတွင် ဟူသီတို့က ဗုဒ္ဓဟူးနေ့ညဘက်ပြောကြားသည်မှာ အမျိုးသမီးခြောက်ဦးသေကာ ၁ဝ ဦး ဒဏ်ရာရရှိသည်ဟု ဖော်ပြခဲ့သည်။ ယီမင်၏တရားဝင်အစိုးရအဖြစ် သမ္မတဘက်ဒါရက်ဘိုမန်ဆာဟာဒီ၏အစိုးရကို နိုင်ငံတကာက အသိ အမှတ်ပြုထားသည်။ အီရန်ထောက်ခံသော ဟူသီသူပုန်နှင့် သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလား၏နောက်လိုက်များက ဆန့်ကျင်လျက်ရှိသည်။ ၂ဝ၁၅ ခုနှစ် မတ်မှစ၍ ပဋိ ပက္ခစတင်ခဲ့သည်။ မဟာမိတ်များက ဟူသီသူပုန်တို့ကိုပစ်မှတ်ထားတိုက် ခဲ့သည်။ ¤င်းတို့မှာ ဆာနာမြို့ကိုသိမ်း ပိုက်ထားသည်။ ပဋိပက္ခကြောင့် လူ ၇၄ဝဝ သေဆုံးခဲ့ရာ ကလေး ၁၄ဝဝ ပါဝင် ကြောင်း ကုလသမဂ္ဂက ဆိုသည်။

Ref:AFP

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616