Main menu
HOT NEWS
adv
အီဂျစ်ရှေ့နေချုပ်က သမ္မတဟောင်း မူဘာရက်အတွက် လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်

အီဂျစ်ရှေ့နေချုပ်က သမ္မတဟောင်း မူဘာရက်အတွက် လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်

ကိုင်ရို

အီဂျစ်နိုင်ငံ၏ ရှေ့နေချုပ်က သမ္မတဟောင်း ဟို့စနီမူဘာရက်ကို လွတ်ငြိမ်းခွင့်ပေး ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ၂ဝ၁၄ ခုနှစ် မေလအတွင်းက သန်းနှင့်ချီသော အီဂျစ်ပေါင်ငွေများကို မောင်ပိုင်စီးထားကြောင်း အပြစ်ရှိသည်ဟု ဆုံး ဖြတ်ပြီးနောက် သမ္မတဟောင်း မူဘာရက်ကို ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။


ရှေ့နေချုပ်၏ လွတ်ငြိမ်းခွင့် အမိန့်တွင် သမ္မတဟောင်း မူဘာရတ်သည် အမှုစစ်ကာလ ထိန်းသိမ်းမှုကာလကို အလုပ်အကျွေးပြုပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ နောက်ဆက်တွဲအဖြစ် သမ္မတ ဟောင်း မူဘာရက်သည် ၂ဝ၁၁ ခုနှစ် သူ၏ အုပ်ချုပ်မှုကာလက အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့မှုအတွက် အမှုရင်ဆိုင်ခဲ့ရသည်။ အသက် ၈၉ နှစ်အရွယ်ရှိ မူဘာရက်သည် သူ၏ ထိန်းသိမ်းခံရမှု အချိန်ကာလများကို ကိုင်ရိုမြို့ စစ်ဆေးရုံတွင်သာ ကုန်ဆုံးခဲ့ရသည်။ မတ်လ ၂ ရက်ကမူ အီဂျစ်အထက် တရားရုံးက ၂ဝ၁၁ ခုနှစ် ကန့်ကွက်ဆန္ဒပြသူများ သတ်ဖြတ်မှုစွဲချက်နှင့်ပတ်သက်၍ တရားသေလွတ် ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ကြောင်းသိရသည်။  တရားရုံးရှေ့နေချုပ်၏ လွတ်ငြိမ်းခွင့်အမိန့်ကြောင့် သမ္မတဟောင်းမူဘာရက်မှာ မည်သည့်စွဲချက်မျှမရှိတော့ဘဲ လုံးဝလွတ်မြောက်တော့မည်ဟုသိရသည်။

Ref: Xinhua

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616