Main menu
HOT NEWS
adv
ပထမဦးဆုံး အစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ထရန့်က ဒီမိုကရက်တို့ကို ပြစ်တင်ဝေဖန်

ပထမဦးဆုံး အစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ထရန့်က ဒီမိုကရက်တို့ကို ပြစ်တင်ဝေဖန်

ဝါရှင်တန်

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က သူ၏ပထမဦးဆုံးအကြိမ် အစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် သူ၏ဝန်ကြီးများအား သဘောတူ အတည်ပြုချက်ရရှိရေး နှောင့်နှေးကြန့်ကြာနေမှုအတွက် အတိုက်အခံ ဒီမိုကရက်တို့ကို ပြစ်တင်ဝေဖန်ခဲ့သည်။


ထရန့်က ကြီးကျယ်သော အစိုးရအဖွဲ့ကို စုစည်းခဲ့ပြီးဖြစ်ပြီး ကတိပေးထားသည့်အတိုင်း ရလဒ်များကိုပေးအပ်၍ သမိုင်းဝင်တိုးတက်မှုကို ဖော်ဆောင်ရန် အသင့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း နိုင်ငံ၏ တောင်ဘက်ပိုင်း နယ်စပ်မှာ တရားမဝင်ရွှေ့ပြောင်း အခြေချသူ အရေအတွက်ကို မကြုံစဖူး ရာခိုင်နှုန်း ၄ဝ ခန့် ကျဆင်းစေခဲ့ကြောင်း ပြောကြားခဲ့သည်။


အလားတူပင် မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီများ၊ စွမ်းအင်ကုမ္ပဏီများနှင့် အခြားသော များပြားလှသည့် စီးပွားရေးလုပ်ငန်းများကလည်း သူတို့၏လုပ်ငန်းများကို ဆက်လက်ထိန်းသိမ်း၍ အလုပ်အကိုင်များကို ဖန်တီးပေးမည်ကို ထုတ်ဖော်ကြေညာနေကြသည်ဟု သမ္မတထရန့်က မှတ်ချက်ပြု ပြော ကြားခဲ့သည်။


သို့ရာတွင် အမည်စာရင်း တင်သွင်းထား သော အစိုးရအဖွဲ့ဝင်အားလုံး ပါဝင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ အကြောင်းမှာ အမည်စာရင်း တင်သွင်းထားသော အစိုးရအဖွဲ့ဝင်များကို အထက်လွှတ်တော်မှ ဒီမိုကရက်တို့က နှောင့်ယှက်ဟန့်တားမှု ပြုလျက်ရှိသောကြောင့် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

 

Ref: Reuters

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191