Main menu
HOT NEWS
adv
အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကြောင့် ဂုဏ်သိက္ခာကို ထိခိုက်လာပါက ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု မြောက်ကိုရီးယား သတိပေး

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကြောင့် ဂုဏ်သိက္ခာကို ထိခိုက်လာပါက ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု မြောက်ကိုရီးယား သတိပေး

ပြုံယမ်း

စစ်ရေးလေ့ကျင့်ရန် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်စစ် သင်္ဘော USS Carl Vinson ဦးဆောင်သည့် လေယာဉ်တင် သင်္ဘောများက နိုင်ငံအချုပ် အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိခိုက်လာ မည်ဆိုလျှင် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု နှင့် ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားက အင်္ဂါနေ့တွင် သတိပေးခဲ့သည်။


မြောက်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သောနှစ်မှစတင်၍ နျူကလီးယား စမ်းသပ်မှုနှစ်ခုအပါအဝင် ဒုံးကျည်စမ်းသပ်မှုများဖြင့် အိမ်နီးချင်းနိုင်ငံများကို တပ်လှန့်ထားသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။ အမေရိကန် တိုက်ခိုက် ရေးယာဉ်များ ရောက်ရှိလာခြင်းက ၎င်းတို့ နိုင်ငံကို တိုက်ခိုက်မည့် မဆင်မခြင် အစီအ စဉ်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဟုလည်း ၎င်းတို့က စွပ်စွဲထားသည်။  မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို ထိပါးလာတာနဲ့ မြောက်ကိုရီးယားစစ်တပ်က မြေပြင်၊ ဝေဟင်၊ ရေ ပေါ်၊ ရေအောက် နေရာပေါင်းစုံကနေ သနားငဲ့ညှာမှုမရှိဘဲ ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်သွားမှာပါဟု မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအန်အေသတင်းတွင်ဖော်ပြထားသည်။


မတ်လ ၁၁ ရက် တစ်ရက်တည်းတွင်ပင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်နှင့် မြောက်ကိုရီးယားစစ်တပ်ကို တိုက်ခိုက်မှု ပြုလုပ်ရန်တို့အတွက် ရန်သူ့စစ်သင်္ဘောများစွာနှင့် လေယာဉ်များက မြောက်ကိုရီးယား၏ လေပိုင်နက်နှင့် ရေပိုင်နက်အနီးသို့ ရောက်ရှိလာပါသည်ဟုလည်း ထိုသတင်းတွင် ဖော်ပြသည်။  မြောက်ကိုရီးယားဘက်က ထိုသို့ သတိ ပေးစွပ်စွဲမှုပြုလုပ်ခဲ့သော်လည်း အမေရိကန် ရေတပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက USS Carl Vinson စစ်သင်္ဘောသည် တောင်ကိုရီးယား တပ်ဖွဲ့ဝင်များနှင့် စစ်ရေးလေ့ကျင့်ရန်အတွက် ရောက်ရှိလာခြင်းသာဖြစ်သည်ဟု ပြောဆိုထားသည်။

Ref: BBC

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191