Main menu
HOT NEWS
adv
အိုက်စလန်က ၂ဝဝ၈ ခုနှစ် ငွေကြေး အကျပ်အတည်းမှ စတင်ခဲ့သည့် ငွေလုံးငွေရင်း ထိန်းချုပ်မှုကို အဆုံးသတ်မည်

အိုက်စလန်က ၂ဝဝ၈ ခုနှစ် ငွေကြေး အကျပ်အတည်းမှ စတင်ခဲ့သည့် ငွေလုံးငွေရင်း ထိန်းချုပ်မှုကို အဆုံးသတ်မည်

ရေကျာဗစ်

အိုက်စလန်နိုင်ငံက နိုင်ငံ၏ နိုင်ငံသားများ စီးပွားရေးလုပ်ငန်းများနှင့် အငြိမ်းစား ရန်ပုံငွေများမှ မတည်ရင်းနှီးငွေများ အားလုံးအပေါ် ထိန်းချုပ်မှုကို ရုပ်သိမ်းသွားမည်ဖြစ် ကြောင်းသိရသည်။ အိုက်စလန်နိုင်ငံတွင် နိုင်ငံတွင်းမှ ငွေ ဝင်၊ ငွေထွက် ကန့်သတ်ထိန်းချုပ်မှုကဲ့သို့သော ငွေလုံးငွေရင်း ထိန်းချုပ်မှုကို ၂ဝဝ၈ ခုနှစ်တွင် နိုင်ငံ၏ အကြီးမားဆုံးဘဏ်များ ပြိုလဲခဲ့ပြီးနောက် သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။


လက်ရှိအချိန်တွင် စီးပွားရေးမှာ လုံ လောက်သော ပြန်လည်နာလန်ထူမှု အနေအထားသို့ ရောက်ရှိနေကြောင်း အစိုးရက ထင်မြင်ယူဆသည့်အတွက် ငွေကြေးထိန်းချုပ်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၈ ခုနှစ်က နိုင်ငံ၏ အကြီးမားဆုံးဘဏ်များဖြစ်သည့် Glitnir, Landsbanki  နှင့် Kaupthing ဘဏ်တို့ ပြိုလဲခဲ့ပြီးနောက် အစိုးရက ငွေကြေးထိန်းချုပ်မှု ပြုခဲ့သည်။ ငွေလုံးငွေရင်း ထိန်းချုပ်မှုကို ဖယ်ရှား ခြင်းက နိုင်ငံသုံး ငွေကြေးနှင့် စီးပွားရေးတည် ငြိမ်ရေးကို အထောက်အကူပြုစေမည် ဖြစ်သည့်အပြင် အိုက်စလန်နိုင်ငံအနေနှင့် နိုင်ငံတကာ ငွေကြေးဈေးကွက်သို့ လုံးလုံးလျားလျား ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။


Ref: BBC

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191