Main menu
HOT NEWS
adv
ဖိလစ်ပိုင်သမ္မတ ဒူတာတေ မြန်မာနိုင်ငံသို့ အလည်လာမည်

ဖိလစ်ပိုင်သမ္မတ ဒူတာတေ မြန်မာနိုင်ငံသို့ အလည်လာမည်

မနီလာ၊ မတ် ၁၆
ဖိလစ်ပိုင်သမ္မတ ဒူတာတေ သည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံသို့ မတ် ၁၉ ရက် မှ ၂၂ ရက်အထိ တရားဝင် အလည်အပတ်သွားရောက် မည်ဖြစ်ကြောင်း မတ် ၁၆ ရက်က အစိုးရပြောရေးဆိုခွင့်ရသူက ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန လက် ထောက်ဝန်ကြီးချားလ်စ်ဂျို့စ်က သ တင်းစာရှင်းလင်းပွဲ၌ ပြောကြားရာ တွင် ဒူတာတေသည် မတ် ၁၉ ရက် မှ ၂ဝ အတွင်း မြန်မာနိုင်ငံသို့ လည် ပတ်မှာဖြစ်ပြီး မတ်လ ၂ဝ မှ ၂၂ ရက် အတွင်း ထိုင်းနိုင်ငံသို့သွားရောက် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤခရီးစဉ်မှာ ဒူတာတေ၏ အာဆီယံနိုင်ငံများသို့ မိတ်ဆက်အ လည်အပတ်သွားရောက်ခြင်း၏ အ စိတ်အပိုင်းဖြစ်သည်ဟုလည်း ဂျိုးစ် ကပြောကြားခဲ့သည်။ လွန်ခဲ့သော နှစ်ဇွန်လတွင် အာဏာရပြီးနောက် ဤနှစ်နိုင်ငံမှာ ဒူတာတေအလည် မသွားရသေးသည့် ဒေသတွင်းနိုင်ငံ များဖြစ်ကြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဒူတာတေ သည် သမ္မတဦးထင်ကျော်နှင့် အခြား အဆင့်မြင့်အစိုးရအရာရှိများနှင့်ပါ တွေ့ဆုံမည်ဖြစ်သည်။ ထိုအထဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့လည်း ပါဝင်ကြ မည်ဟုဆိုသည်။
ဖိလစ်ပိုင်နှင့် မြန်မာတို့သည် သံတမန်ဆက်သွယ်ရေးကို ၁၉၅၆ ခုနှစ်ကတည်းက စတင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဖိလစ်ပိုင်လူမျိုး    ၁၈ဝဝ တို့သည် နိုင်ငံခြားကုမ္ပဏီ များနှင့် နိုင်ငံတကာအဖွဲ့အစည်း များတွင် အလုပ်လုပ်ကိုင်လျက်ရှိကြ သည်။

ထိုင်းနိုင်ငံတွင် ဒူတာတေသည် နှစ်နိုင်ငံသက်ဆိုင်သော ကိစ္စရပ် များကိုဆွေးနွေးမည်ဖြစ်ပြီး ဝန်ကြီး ချုပ်ပရာယွတ်ချန်အိုချာနှင့် နိုင်ငံ ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စွမ်း အင်ပညာရေးနှင့် ကာကွယ်ရေးပူး ပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေး သွားမည်ဖြစ်သည်။

ဒူတာတေသည် ထိုင်းနိုင်ငံတွင် အခြားကိစ္စရပ်များအပြင် ၂ဝ၁၇ ခု နှစ် ဖိလစ်ပိုင်၏အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့်ကိစ္စများကိုပါ ဆွေး နွေးသွားမည်ဟု ဂျိုစ်ကပြောခဲ့သည်။ ထို့အပြင် ဒူတာတေသည် ထိုင်း နိုင်ငံ၌ အလုပ်လုပ်နေသည့် ဖိလစ် ပိုင်နိုင်ငံသား ၁၆,ဝဝဝ နှင့်လည်းတွေ့ ဆုံမည်ဖြစ်သည်။ ထိုင်းနှင့် ဖိလစ် ပိုင်ဆက်ဆံရေးမှာ အမြဲခိုင်မာမှုနှင့် လှုပ်ခါမှုများရှိနေမည်။ အဆင့်မြင့် ဆွေးနွေးမှုများကို ၁၉၄၉ သံတမန် ဆက်ဆံရေးထူထောင်ကတည်းက ပြုလုပ်ခဲ့ကြသည်ဟု အဆိုပါကြေ ညာချက်က ဖော်ပြခဲ့သည်။

ဒူတာတေသည် လွန်ခဲ့သော နိုဝင်ဘာလက ကွယ်လွန်သူထိုင်း ဘုရင်ဘူမိဘောအဒူလျာဒက်ဂ်ျကို အလေးပြုရန် ဘန်ကောက်မြို့ကို ရောက်ရှိခဲ့သည်။  

Ref : Xinhua

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191