Main menu
HOT NEWS
adv
ဆီးရီးယားသို့ အမေရိကန် စစ်သား ၁ဝဝဝ ထပ်မံစေလွှတ်ရန် ပြင်ဆင်

ဆီးရီးယားသို့ အမေရိကန် စစ်သား ၁ဝဝဝ ထပ်မံစေလွှတ်ရန် ပြင်ဆင်

ဝါရှင်တန်၊ မတ် ၁၇

ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ IS စစ်သွေးကြွများနှင့်တိုက်ခိုက်နေ သော အမေရိကန်မဟာမိတ်ကာ ကာ့ဒ်သူပုန်များကိုအကူအညီပေးရန် အမေရိကန်က ဆီးရီးယားသို့စစ်သား ၁ဝဝဝ ထပ်မံစေလွှတ်ရန်ပြင်ဆင် နေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က မတ် ၁၅ ရက်တွင်ထုတ်ပြန်ပြောကြားသည်။ ယင်းအစီအစဉ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့်ကာကွယ် ရေးဝန်ကြီး Jim Mattis တို့အတည် ပြုချက်ရယူပြီးလျှင် ဆီးရီးယားရှိ IS အစွန်းရောက်များကို အရှိန်မြှင့်၍တိုက်ခိုက်နိုင်လိမ့်မည်ဟု သိရသည်။


ဆီးရီးယား၌အမေရိကန်စစ်သား ၅ဝဝ ရှိပြီး ဆီးရီးယားမြောက်ပိုင်းရှိ IS စစ်သွေးကြွများနှင့်တိုက် ခိုက်နေသော ကာ့ဒ်သူပုန်တို့ဘက်မှ စစ်ရေးအကြံပေးခြင်းနှင့် လက်နက်အထောက်အပံ့ပေးခြင်းတို့ ဆောင်ရွက်နေသည်။ ဆီးရီးယား၌ အမေရိကန်မြေပြင်စစ်ဆင်ရေးတွင် အ ထောက်အပံ့ပေးရန်စစ်သားသစ် ၁ဝဝဝ ကိုထပ်မံစေလွှတ်ရန် အမေရိကန်စစ်တပ်က ပြင်ဆင်နေသည်။ ဆီးရီးယားစစ်ပွဲတွင် အမေရိကန် 24 th Marine Expeditionary unit တပ်ဖွဲ့နှင့် US Army's 82 nd Airborne Division တပ်ဖွဲ့တို့ပါ ဝင်တိုက်ခိုက်နေသည်ဟု ဝါရှင်တန် ပို့စ်သတင်းတွင် ဖော်ပြခဲ့သည်။ ဆီးရီးယားစစ်ပွဲတွင် အမေရိ ကန်စစ်သားများကိုယ်တိုင်ပါဝင်တိုက် ခိုက်ခဲ့ခြင်းမရှိဘဲ စစ်ရေးဗျူဟာအကြံ ပေးခြင်း၊ သင်တန်းပေးခြင်း၊ လေ ကြောင်းပစ်ကူပေးခြင်းနှင့်လက်နက် ကြီးပစ်ကူပေးခြင်းတို့ ဆောင်ရွက် နေကြောင်း အမေရိကန်စစ်တပ်က ပြောသည်။


သမ္မတအိုဘားမားက ဆီးရီး ယားနှင့်အီရတ်တွင် IS စစ်သွေးကြွများကိုတိုက်ခိုက်ရန် အမေရိကန်က ဒေသခံအဖွဲ့များကို အထောက်အပံ့ ပေးခဲ့ရန် အောင်မြင်မှုရရှိခဲ့သော်လည်း အမေရိကန်သမ္မတထရန့်က IS စစ်သွေးကြွများကို မြန်မြန်ဆန် ဆန်ရှင်းပစ်ချင်သည်ဟု ပင်တဂွန်စစ်ဌာနချုပ်ကိုပြောကြားခဲ့သည်။ ဆီးရီးယားအစိုးရကို မတ် ၂ဝ၁၁ ခုနှစ် မတ်လတွင်ဆန့်ကျင်ဆန္ဒပြသူများကို ဆီးရီးယားစစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ဆီးရီးယား ပြည်တွင်းစစ်ပွဲစတင်ခဲ့ပြီး ဆီးရီးယား ပြည်တွင်းစစ် ခြောက်နှစ်အတွင်း လူပေါင်း ၃၂ဝဝဝဝ ကျော်သေဆုံးခဲ့သည်။ ဆီးရီးယားပြည်တွင်းစစ်ပွဲအတွင်း IS အစွန်းရောက်စစ်သွေးကြွများ အင်အားတောင့်တင်းသဖြင့် အမေရိကန်က အီရတ်နှင့်ဆီးရီးယား ဒေသခံတပ်ဖွဲ့များကို အထောက်အပံ့ပေး၍ IS များကိုနှိမ်နင်းနေသည်။ ဆီးရီးယားပဋိပက္ခဖြေရှင်းရန် သံတမန်နည်းလမ်းဖြင့် တစ်ဖက်က ကြိုးစားနေကြောင်း အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူ Mark Toner က ပြောသည်။


Ref : AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191