Main menu
HOT NEWS
adv
ဆီးရီးယားကို အစ္စရေး လေတပ်ဗုံးကြဲ

ဆီးရီးယားကို အစ္စရေး လေတပ်ဗုံးကြဲ

ဂျေရုဆလင်၊ မတ် ၁၈

အစ္စရေးလေတပ်က ဆီးရီးယားနိုင်ငံထဲသို့ ညဥ့်အချိန်၌အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆီးရီးယားက မြေပြင်မှဝေဟင်ပစ်ဒုံးပျံများဖြင့် ပစ်ခတ်မှုများစွာကိုပြုလုပ်ခဲ့သည်တွင် အစ္စရေးကတစ်ကြိမ်တွင်က လေထဲ၌ပစ်ခတ်ဖောက်ခွဲနိုင်ခဲ့ ကြောင်း အစ္စရေးစစ်တပ်က မတ် ၁၇ ရက်က ပြောကြားလိုက်သည်။ ဤတိုက်ခိုက်မှုမှာ နှစ်နိုင်ငံအကြား အလွန်စိုးရိမ်ရသော အခြေအနေဖြစ်ကြောင်း ၂ဝ၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ်ဖြစ်သည်မှ နှစ်နိုင်ငံစစ်ဖြစ်နေရသည်ဟု ယူဆထားခဲ့ဟုဆိုသည်။


ညဘက်တွင် အစ္စရေးလေယာဉ်များက လေကြောင်းကာကွယ် ရေးဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်ကပြောကြားလိုက်သည်။ အစ္စရေးကဗုံးကြဲပြီးနောက် ဆီးရီးယားက လေကြောင်းကာကွယ်ရေး ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်က ဒုံးကျည်တစ်စင်းကို ပစ်ချနိုင် ခဲ့သည်ဟု စစ်တပ်ကပြောကြားလိုက်သည်။ ဆီးရီးယားဒုံးကျည်များက ပစ်မှတ်ကိုတစ်ကြိမ်မှ မထိမှန်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ထပ်မံပြောကြားလိုက်သည်။


အစ္စရေးနှင့်နိုင်ငံခြားသတင်း မီဒီယာများက အစ္စရေးသည် ဆီးရီးယားနိုင်ငံထဲ၌ ဟစ်ဇ်ဘိုလာတို့၏ ကားတန်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ၂ဝဝ၆ ခုနှစ်က အစ္စရေးနှင့်စစ်ဖြစ်ခဲ့ကြောင်း၊ ယခုအခါ ဆီးရီးယားနှင့်အတူစစ်တိုက်လျက်ရှိကြောင်း ဖော်ပြခဲ့ကြသည်။ အစ္စရေးက ယေဘုယျအားဖြင့် ဝေဖန်မှုမပြုခဲ့ဟုဆိုသည်။ ဂျော်ဒန်မြစ်တောင်ကြား၌ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်၍ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ညအချိန်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဖော်ပြခဲ့သည်။ အစ္စရေး၏ Arrow  ဒုံးပျံကာကွယ်ရေးစနစ်က ဆီးရီးယားဒုံးကျည်ကို ဂျေရုဆလင်မြောက်ပိုင်း၌ဖျက်ဆီးလိုက်ကြောင်း စစ်တပ်ကပြောခဲ့သည်။

 

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191