Main menu
HOT NEWS
adv
အမေရိကန်က ရုရှားအား ခရိုင်းမီးယား ကျွန်းဆွယ် သိမ်းပိုက်မှု  အမြန်ဆုံး အဆုံးသတ်ရန် တောင်းဆို

အမေရိကန်က ရုရှားအား ခရိုင်းမီးယား ကျွန်းဆွယ် သိမ်းပိုက်မှု အမြန်ဆုံး အဆုံးသတ်ရန် တောင်းဆို

ဝါရှင်တန်၊ မတ် ၁၈

အမေရိကန်ပြည်ထောင်စုက ရုရှား၏ ခရိုင်းမီးယားကျွန်းဆွယ်သိမ်းပိုက်ထားမှုကိုထပ်မံရှုတ်ချလိုက်ပြီး ပင်လယ်နက်ကျွန်းဆွယ်ကိုယူကရိန်း လက်ထဲသို့ ပြန်ပေးပြီးသည်အထိ ပိတ်ဆို့အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်ကြောင်း AFP သတင်းက မတ် ၁၇ ရက်တွင် ဖော်ပြခဲ့သည်။


ခရိုင်းမီးယားမှာ ယူကရိန်းပိုင် ဖြစ်သည်။ အမေရိကန်က ရုရှား၏ ခရိုင်းမီးယားအားသိမ်းပိုက်ထားခြင်းကို ထပ်မံရှုတ်ချခဲ့ပြီး ချက်ချင်းအဆုံး သတ်ရန်တောင်းဆိုလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီပြောခွင့်ရပုဂ္ဂိုလ်မာ့ခ်တိုနာက ၎င်း၏ကြေ ညာချက်တွင်ဖော်ပြခဲ့သည်။ ဤကြေညာချက်မှာ ရုရှားက ခရိုင်းမီးယားကို သိမ်းပိုက်ထားသည့် သုံးနှစ်မြောက် နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရုရှားက ခရိုင်းမီးယားကိုပြန်ပေးသည်အထိ မိမိတို့၏ ပိတ်ဆို့အရေးယူမှုများလည်း ဆက်လက်ရှိနေဦးမည်ဟု ကြေညာချက်ကဖော်ပြခဲ့သည်။ ရုရှားက ခရိုင်းမီးယားကို စစ်တပ်ဖြင့်ဝင်သိမ်းခဲ့ပြီး လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့သည်။ ဤလုပ်ရပ်ကို နိုင်ငံတာကရှုတ်ချခဲ့ကြသည်။


၂ဝ၁၄ခုနှစ် မတ် ၁၆ ရက်တွင် ပြုလုပ်ခဲ့သည် ရုရှား၏ဆန္ဒခံယူပွဲကို အမေရိကန်ပြည်ထောင်စုက အသိအမှတ်မပြုခဲ့ပေ။ ခရိုင်းမီးယားကို ပူးပေါင်းရန် ကြိုးပမ်းမှုမှာ နိုင်ငံတကာဥပဒေကိုချိုးဖောက်သည်ဟု တိုနာ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ မိမိတို့က ယူကရိန်း၏ အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ ခိုင်မြဲရေးကတိကို ထပ်မံအတည်ပြု သည်ဟုလည်း ဆက်လက်ဖော်ပြခဲ့သည်။ ထို့အပြင် ရုရှားကလွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ငြိမ်းချမ်းစွာစု ဝေးခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့် ပြုရန်လည်း တောင်းဆိုလိုက်သည်။ ခရိုင်းမီးယားရှိတာယာလူမျိုးစု၊ ယူကရိန်းတက်ြ<ွကလှုပ်ရှားသူများနှင့် သတင်းစာဆရာများကို ရုရှားက ဖိနှိပ်လျက်ရှိသည်ဟုဆိုသည်။ ခရိုင်းမီးယားကိုသိမ်းပိုက်ခြင်း ကြောင့် ရုရှားနှင့်အနောက်နိုင်ငံများ ဆက်ဆံရေးအောက်ဆုံးသို့ရောက်သွားခဲ့သည်။ အမေရိကန်နှင့်အီးယူအဖွဲ့က ရုရှားကိုစီးပွားရေးပိတ်ဆို့အ ရေးယူခဲ့ကြသည်။

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616