Main menu
HOT NEWS
adv
မီးလင်းသော ဖားကို ပထမဆုံးအကြိမ် အဖြစ် အာဂျင်တီးနားတွင် တွေ့ရှိ

မီးလင်းသော ဖားကို ပထမဆုံးအကြိမ် အဖြစ် အာဂျင်တီးနားတွင် တွေ့ရှိ

ဗျူနိုအေးရိစ်၊ မတ် ၁၈

သဘာဝအလျောက် မီးလင်းသော ဖားမျိုးစိတ်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားနိုင်ငံတွင်တွေ့ခဲ့ရကြောင်း မတ် ၁၇ ရက် AFP သတင်းကဆိုသည်။ အဆိုပါဖား၏ အလင်းဖောက်ဝင်နိုင်သော အရေပြားသည် သာမန်အလင်းရောင်အောက်တွင် အနီရောင်အစက်များနှင့် ဝါညိုရောင်ရှိသော်လည်း ခရမ်းလွန်ရောင်ခြည် အောက်တွင်ထားသောအခါ စိမ်းပြာပြာအရောင် လင်းလာသည်ကို တွေ့ရသည်။


အဆိုပါမီးလင်းသော ဖားမျိုးစိတ်ကို မတော်တဆတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Bernardino Rivadaiva သဘာဝသိပ္ပံပြတိုက်မှ အာဂျင်တီးနားနှင့် ဘရာဇီးသိပ္ပံပညာရှင်များသည် တောင်အမေရိကတိုက်တွင် အတွေ့ရများသော သစ်ပင်ပေါ်တွင် နေထိုင်သည့်ဖားများ၏ ရောင်ခြယ်ပစ္စည်းများအကြောင်း လေ့လာနေစဉ် အဆိုပါဖားကို တွေ့ခဲ့ခြင်းဖြစ်သည်။


လေ့လာရေးအဖွဲ့တွင် ပါဝင်သောသိပ္ပံပညာရှင် ကားလို့စ်တာ ဘိုအာဒါက''ဒါဟာ မီးလင်းတဲ့ဖား မျိုးစိတ်တစ်ခုကို ပထမဆုံးအကြိမ် သိပ္ပံနည်းကျ မှတ်တမ်းတင်နိုင်ခဲ့တာပါ''ဟု ပြောသည်။ ''ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေတယ်။ တော်တော်မရိုးမရွဖြစ်နေတယ်။ ဒီရှာဖွေ တွေ့ရှိမှုက မီးလင်းတဲ့ကုန်းနေသက် ရှိတွေအကြောင်း လေ့လာမှုနယ်ပယ်မှာ အရမ်းအရေးပါတယ်။ သိပ္ပံနဲ့ နည်းပညာမှာ လက်တွေ့အသုံးချလို့ရမယ့် မီးလင်းဒြပ်ပေါင်းအသစ်တွေ ဖော်ထုတ်လာနိုင်မယ်''ဟု အခြား သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဂျူလီယန်ဖိုင်ဗိုဗစ်ခ်ျက ပြောသည်။ ကုန်းနေရေနေသတ္တဝါများ၏ အလင်းဖြင့် ဆက်သွယ်မှုအကြောင်း မေးခွန်းအသစ်များပေါ်ပေါက်လာစေမည်ဟုလည်း ၎င်းကဆိုသည်။


လေ့လာရေးအဖွဲ့သည် အဆိုပါဖားမျိုးစိတ် အကောင် ၂ဝဝ ခန့်ကို ဆက်လက်စစ်ဆေးစမ်းသပ်ခဲ့ရာ အားလုံးတွင် မီးလင်းနိုင်သည့်ဂုဏ်သတ္တိရှိနေကြောင်းသိရသည်။ မီးလင်းဒြပ်ပေါင်းများအကြောင်း လေ့လာနေသည့် လွတ်လပ်သော ပညာရှင်များအဖွဲ့(Maria Lagorio)က မီးလင်းသောသက်ရှိများကို ရေ နေသတ္တဝါများနှင့် အင်းဆက်ပိုး ကောင်အချို့တွင် တွေ့ရလေ့ရှိသော်လည်း ကုန်းနေရေနေသတ္တဝါတွင် တွေ့ရမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟုဆိုသည်။

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616