Main menu
HOT NEWS
adv
ဘရာဇီး လာဘ်ပေး လာဘ်ယူမှုတွင် နိုင်ငံရေးသမား ၁ဝဝ ကျော် ပါဝင်

ဘရာဇီး လာဘ်ပေး လာဘ်ယူမှုတွင် နိုင်ငံရေးသမား ၁ဝဝ ကျော် ပါဝင်

ဘရာဆီလီယာ၊ မတ် ၁၈

ပက်ထရိုဘရပ်စ်လာဘ်ပေးလာဘ်ယူမှုတွင် နိုင်ငံရေးသမား ၁ဝဝ ကျော်ကိုစစ်ဆေးသွားမည်ဖြစ်ကြောင်း ဘရာဇီးရှေ့နေချုပ်ကပြော ကြားလိုက်ကြောင်း အမှုနှင့်နီးစပ်သောအသိုင်းအဝိုင်းကပြောကြားခဲ့ သည်ကို AFP သတင်းက မတ် ၁၇ ရက်၌ ဖော်ပြခဲ့သည်။ နောက်ဆုံးသံသယရှိသူစာရင်းကိုမူ လျှို့ဝှက်ထားသည်ဟုဆိုသည်။ အမည်မဖော်လိုသူအရာရှိတစ်ဦးက နိုင်ငံရေးသမား ၁ဝဝ ကျော်ပါဝင် ကြောင်း၊ လောလောဆယ်တွင် ၎င်းတို့မှာကင်းလွတ်ခွင့်ရနေကြကြောင်း၊ သာမန်တရားရုံး၌ စစ်ဆေးခွင့်မရှိကြောင်း ပြောကြားခဲ့သည်။


ရှေ့နေချုပ်ရိုဒရီဂိုဂျန်နို့က မတ် ၁၄ ရက်တွင် ဘရာဇီးတရားရုံးချုပ်သို့မေးမြန်းခဲ့သည်။ ဤရုံးတစ်ခုတည်းသာ ဤသံသယရှိသူများကို မေး မြန်းနိုင်သည်။ တရားရုံးချုပ်အား လူ ၈၃ ဦးအား အကျင့်ပျက်ခြစားမှုဖြင့် အသစ်စစ်ဆေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ၎င်းတို့မှာ နိုင်ငံပိုင်ရေနံ ကုမ္ပဏီပက်ထရိုဘရပ်စ်အမှုနှင့်ဆက်စပ်နေသူများဖြစ်ကြသည်ဟု သိရသည်။ စစ်ဆေးမေးမြန်းခဲ့သည့်အမှုတိုင်းတွင် နိုင်ငံရေးသမားတစ်ဦးထက်ပို၍ ပါဝင်သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ သံသယရှိသူတစ်ဦးစီတွင် အမှုတစ်ခုမကရှိနေကြောင်း ရှေ့နေချုပ်က ပြောကြားခဲ့သည်။ သံသယရှိသူ နိုင်ငံရေးသမားများ၏ အမည်စာရင်းကိုတရားဝင်ထုတ်ပြန်ခြင်းမရှိဟု သိရသည်။


ဘရာဇီးသတင်းစာများက သမ္မတမိုက်ကယ်တမ်မာ၏ ဗဟိုလက် ယာအစိုးရအဖွဲ့မှ ဝန်ကြီးငါးဦးမှာ ကြီးလေးသောအမှုတွဲ၌ပါဝင်နေကြောင်း၊ မကြာမီကခန့်အပ်လိုက်သည့် နိုင်ငံခြားရေးဝန်ကြီးအယ်လွိုင် ဆီယိုနန်နက်စ်လည်းပါဝင်ကြောင်း၊ ထို့အပြင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌများလည်းပါဝင်ကြောင်း ဖော်ပြခဲ့ကြသည်။ သမ္မတရာထူးမှပြုတ်ကျခဲ့သည့် လက်ဝဲသမ္မတဟောင်း ဒီလ်မာရို ဆက်ဖ်နှင့်သမ္မတဟောင်းလူးဝစ်အင်နာစီယိုလူလာဒါဆီလ်ဗားတို့မှာလည်း အထက်ပါစာရင်း၌ပါဝင်ကြောင်း သတင်းစာများကဖော်ပြခဲ့ကြသည်။ ပက်ထရိုဘရပ်စ်လာဘ်စားမှု၌ နိုင်ငံရေးသမားများစွာပါဝင်နေသည်ကို ဖော်ပြခဲ့ကြသည်။


ရှေ့နေချုပ်စာရင်း၌ပါဝင်လာသူ နိုင်ငံရေးသမားများမှာ အိုဒီဘရီချက်ဆောက်လုပ်ရေးကုမ္ပဏီမှအရာရှိ ၇၇ ဦးကိုစစ်ဆေးရာမှ ရရှိလာသော စာရင်းဖြစ်သည်ဟုဆိုသည်။ ကုမ္ပဏီဥက္ကဋ္ဌကို နိုင်ငံရေးသမားများအား စနစ်တကျလာဘ်ထိုးမှုဖြင့် ဖမ်းဆီးထားခဲ့သည်။ ဤလာဘ်စားမှုကြောင့် လက်တင်အမေရိက၏ အကြီးဆုံးစီးပွားရေးနိုင်ငံ ဘရာဇီးမှာ စီးပွားရေးကပ်ဆိုက်ခဲ့ရသည်။

 

Ref: AFP 

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616