Main menu
HOT NEWS
adv
ဒုံးပျံအင်ဂျင်အသစ် စမ်းသပ်အောင်မြင်ဟု မြောက်ကိုရီးယားဆို

ဒုံးပျံအင်ဂျင်အသစ် စမ်းသပ်အောင်မြင်ဟု မြောက်ကိုရီးယားဆို

ဆိုးလ်၊ မတ် ၁၉  ။         ။       စွမ်းအားမြင့်ဒုံးပျံအင်ဂျင် အသစ်တစ်မျိုး စမ်းသပ်အောင်မြင် ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ က မတ် ၁၉ ရက်တွင် သတင်းထုတ် ပြန်သည်။ အဆိုပါအင်ဂျင်သည် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးပျံကဏ္ဍ ကို တစ်ခေတ်ဆန်းစေသည်ဟု ခေါင်းဆောင်ကြီး ကင်ဂျုံအန်က ချီးကျူးသည်။

ဒုံးပျံအင်ဂျင်စမ်းသပ်အောင် မြင်မှုသတင်းသည် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ရက်စ်တီလာဆင် တရုတ်နိုင်ငံသို့ရောက်ရှိနေချိန်နှင့် အချိန်ကိုက်ထွက်ပေါ်လာခြင်းဖြစ် သည်။ ရက်စ်တီလာဆင်က ကိုရီး ယားကျွန်းဆွယ်တင်းမာမှုသည် အန္တရာယ်ကြီးသောအဆင့်ရောက် ရှိနေပြီဟု သတိပေးပြောကြားထား သည်။

မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ခေါင်း ဆောင်ကြီးကင်ဂျုံအန်သည် ဒုံးပျံ အင်ဂျင်စမ်းသပ်မှုကို ကြပ်မတ်ကြည့် ရှုခဲ့ကြောင်း၊ ဒုံးပျံအင်ဂျင်အသစ်၏ မဟာစွမ်းပကားကို မကြာမီကမ္ဘာက မျက်ဝါးထင်ထင်တွေ့မြင်ရမည်ဖြစ် ကြောင်း၊ အဆိုပါ ဒုံးပျံအင်ဂျင်ဖြင့်  အာကာသထဲသို့ ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖွယ်ရှိကြောင်း သတင်း ထုတ်ပြန်သည်။

Norht Korea Leader

ဒုံးပျံအင်ဂျင်များကို အလွယ် တကူပြောင်းလဲပြုပြင်ပြီး ဒုံးကျည် များတွင်သုံးစွဲနိုင်သည့် မြောက်ကိုရီး ယားအာကာသအစီအစဉ်သည် နျူ ကလီးယားလက်နက်စမ်းသပ်မှုများ ကို ဟန်ပြဖုံးကွယ်ထားခြင်းဖြစ်သည် ဟု လေ့လာသူများက သုံးသပ်သည်။

မြောက်ကိုရီးယားသည် ယခင် နှစ်စက်တင်ဘာလကလည်း ဒုံးပျံအင် ဂျင်တစ်ခု စမ်းသပ်ခဲ့သည်။ လာမည့် နှစ်အနည်းငယ်အတွင်း ဘူမိတည် ငြိမ်ဂြိုဟ်တုများ လွှတ်တင်နိုင်တော့ မည်ဟု ကင်ဂျုံအန်က ထိုစဉ်ကကြုံး ၀ါးခဲ့သည်။

ဘူမိတည်ငြိမ်ဂြိုဟ်တုဖြစ်ရန် အမြင့်မိုင် ၂၂၅၀၀ အထိတွန်းပို့ရန် လိုအပ်သည်။ ဘူမိတည်ငြိမ်ဂြိုဟ်တု လွှတ်တင်နိုင်သည့် ဒုံးပျံအင်ဂျင်ရရှိ ပါက တိုက်ချင်းပစ်ဒုံးကျည်တည် ဆောက်ရန် မခက်ခဲတော့ကြောင်း ပညာရှင်များက ဆိုသည်။

Ref:AFP

Last modified onSunday, 19 March 2017 19:00
Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191