Main menu
HOT NEWS
adv
မက္ကဆီကိုနယ်စပ်တွင် ပေ ၃၀ မြင့်သော တံတိုင်းဆောက်ရန် အမေရိကန်အစိုးရက တင်ဒါခေါ်ယူ

မက္ကဆီကိုနယ်စပ်တွင် ပေ ၃၀ မြင့်သော တံတိုင်းဆောက်ရန် အမေရိကန်အစိုးရက တင်ဒါခေါ်ယူ

ဝါရှင်တန်၊ မတ် ၁၉  ။        ။ မက္ကဆီကိုနယ်စပ်တစ်လျှောက် တွင် ပေ ၃၀ မြင့်သော တံတိုင်း တည်ဆောက်ရန်အတွက် အမေရိ ကန်အစိုးရက ကန်ထရိုက်တင်ဒါခေါ် ယူလိုက်ပြီဖြစ်ကြောင်း မတ် ၁၉ ရက် AFP သတင်းကဆိုသည်။ နယ်စပ်တံတိုင်း သည် မြေကြီး ထဲသို့ အနည်းဆုံးခြောက်ပေနစ်ဝင် နေရမည်။ လူနှင့်ကားများဝင်ထွက် သွားလာနိုင်ရန် ၂၅ ပေကျယ်ပြီး ပေ ၅၀ မြင့်သော ဂိတ်တံခါးများပါဝင် ရမည်။ လွှ၊ တူ၊ ပေါက်ဆိန်၊ ဘက်ထ ရီသုံးဖြတ်စက်များ၊ အောက်ဆီ-အက် စီတလင်း မီးစသည့် အသေးစား ပစ္စည်း ကိရိယာများဖြင့် ဖောက်ထွင်း ဖျက်ဆီးမှုကို အနည်းဆုံးတစ်နာရီ ကြာ တောင့်ခံနိုင်ရမည်ဟု တင်ဒါ စည်းမျဉ်းများတွင် ဖော်ပြပါရှိသည်။

ကွန်ကရစ်တံတိုင်း သို့မဟုတ် ဖောက်ထွင်းမြင်နိုင်သော တံတိုင်း အမျိုးအစားဖြစ်ရမည်။ ပေ ၃၀ ရှည် သော တံတိုင်းတစ်ခုကို ဆန်ဒီယေ ဂိုမြို့တွင် နမူနာအဖြစ်ဆောက်ပြရ သည်။ ကန်ထရိုက်တင်ဒါများကို အစိုးရက မတ် ၂၉ ရက်တွင် စိစစ် ရွေးချယ် မည်ဖြစ်သည်။

wall

အမေရိကန်-မက္ကဆီကိုနယ်စပ် သည် မိုင်ပေါင်း ၂၀၀၀ ခန့်ရှည် လျားသည်။ လက်ရှိတွင် မိုင် ၇၀၀ ခန့်၌သာ အတားအဆီး စည်းရိုးများ ရှိသည်။ အဆိုပါစည်းရိုးများ၏နေ ရာတွင် ယခုတင်ဒါခေါ်ယူလိုက်သော တံတိုင်းပုံစံဖြင့် အစားထိုးမည်ဟု ယူဆရသည်။ လူအ၀င်အထွက်များ သောနယ်စပ်ဒေသများတွင် ပထမ ဦးစားပေးအနေဖြင့် တံတိုင်းများ တည်ဆောက်သွားမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်သည် မက္ကဆီကိုနယ်စပ်တစ် လျှောက်လုံးတွင် တံတိုင်းခတ်လို သည်ဟု ပြောကြားထားးသည်။ တံ တိုင်းကုန်ကျစရိတ်အတွက် မက္ကဆီ ကိုကလည်း ပါဝင်ကျခံရမည်ဖြစ် ကြောင်း ပြောဆိုထားသည်။

လွှတ်တော်သို့ မကြာသေးမီက ပေးပို့ခဲ့သော ဒေါ်နယ်ထရန့်၏ဘတ် ဂျက်မူကြမ်းထဲတွင် တံတိုင်းဆောက် ရန် ကုန်ကျစရိတ်အဖြစ် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံလျာထားသည်။ နယ်စပ်တစ်လျှောက်လုံးတွင် တံတိုင်း ဆောက်ရန်အတွက် စုစုပေါင်းဒေါ် လာ ၁၂ ဘီလီယံခန့် ကုန်ကျမည် ဟု ခန့်မှန်းချက်များရှိသည်။

Ref: AFP

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com

Latest from System

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191