Main menu
HOT NEWS
adv
ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွင် တူရကီ ဆန့်ကျင်ရေး ဆန္ဒပြ

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွင် တူရကီ ဆန့်ကျင်ရေး ဆန္ဒပြ

ဘာလင်၊ မတ် ၂၀

ဂျာမနီနိုင်ငံဖရန့်ဖတ်မြို့တွင် မတ် ၁၈ ရက်က ကာ့ဒ်လိုလားသူ အင်အား ၃ဝဝဝဝ ခန့်က သမ္မတအာဒိုဂန်ကို မဲမပေးရေး လူထုစည်းဝေးကာ ဆန္ဒပြခဲ့ကြ၍ တူရကီနိုင်ငံက စိတ်ဆိုး ဒေါသထွက်စွာဖြင့် ပြစ်တင်ပြောဆိုလိုက်သည်။ ဆန္ဒပြသူများသည် တူရကီအစိုးရကိုအနှစ် ၃ဝ ကျော်ကြာ ဆန့်ကျင်ပုန်ကန်သူ တရားမဝင်ကာ့ဒ်အလုပ်သမားပါတီ(ပီကေကေ)၏ အမှတ် အသားတံဆိပ်များ၏ ပါတီအလံများ ကိုင်ဆောင်ဆန္ဒပြခဲ့ကြ၍ ''လက်မခံနိုင်ဖွယ်ရာလုပ်ရပ်''ဟု တူရကီအစိုးရက အပြစ်တင်ပြောဆိုလိုက်သည်။


တူရကီနှင့် ဂျာမနီနှစ်နိုင်ငံတို့သည် ဂျာမနီအာဏာပိုင်များက ဧပြီ ၁၆ ရက်တွင်ကျင်းပမည့် လူထုဆန္ဒခံယူပွဲအတွက် တူရကီဝန်ကြီးအများ၏တောင်းဆိုချက်အပေါ် ငြင်းဆိုခဲ့ရာမှ နှစ်နိုင်ငံတင်းမာမှုရှိခဲ့ကြရသည်။ ကာ့ဒ်လူမျိုးများ၏ နှစ်သစ်ကူးအဖြစ် သတ်မှတ်ထားသော နျူရို့စ်နှစ်ပတ်လည်ပွဲတော်နေ့အကြို ယခုတူရကီ ဆန့်ကျင်ဆန္ဒပြပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဖရန့်ဖတ်ဆန္ဒပြပွဲသည် အေးအေးချမ်းချမ်းပင်ပြီး ဆုံးခဲ့ရသည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောဆိုလိုက်သည်။ ဖရန့်ဖတ်ဆန္ဒပြသမားများသည် တူရကီတွင် အကျဉ်းခံနေရသူ ပါတီ ခေါင်းဆောင် အဗ္ဗဒူလာအော့ကလန်အား လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ တူရကီသမ္မတအာဒိုဂန်၏ ပြော ရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင်းက သမ္မတအာဒိုဂန်သည် ယင်းဆန္ဒ ပြပွဲအား ပြင်းထန်သောစကားလုံးများသုံး၍ ပြစ်တင်ပြောဆိုလိုက်သည်ဟု သတင်းထုတ်ပြန်လိုက်သည်။


''တူရကီမှာ ပိတ်ပင်ထားမြစ် ထားတဲ့ ပါတီတစ်ခုရဲ့အလံတွေ၊ တံ ဆိပ်တွေဖရန့်ဖတ်ဆန္ဒပြပွဲမှာ တွေ့ရ တာလက်မခံနိုင်စရာပါ။ အီးယူနိုင်ငံ တွေကပါ တူရကီအစိုးရအပေါ် ဆန့်ကျင်နေတယ်လို့ ယူဆရပါတယ်''ဟု ၎င်းကပြောဆိုလိုက်သည်။ ''ဧပြီ ၁၆ ရက်ကျင်းပမယ့် ဆန္ဒခံယူပွဲဟာ တူရကီပြည်တွင်းရေးပါ၊ ဥရောပနိုင်ငံများအရေး မဟုတ်ပါဘူး'' ဟုလည်း ၎င်းကပြောဆိုလိုက်သည်။ တူရကီနိုင်ငံတွင် ၁၉၈၄ PKK ပါတီမှ ပုန်ကန်တော်လှန်ခဲ့ပြီးနောက် လူ ၄ဝဝဝဝ ကျော် အသတ်ခံခဲ့ရပြီး ဖြစ်သည်။ အာဒိုဂန်က ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ်လာမာကယ်ကို သံတမန် ကျင့်ဝတ်များဖောက်ဖျက်ပြီး အကြမ်းဖက်များကိုကူညီပံ့ပိုးပေးသူ ဖြစ်သည်ဟူ၍ မတ် ၁၃ ရက်က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်သည်။ ဂျာမနီသည် တူရကီဝန်ကြီးများအပေါ် ဘက်လိုက်ဟန့်ထားခဲ့၍ ''နာဇီအပြု အမူများပြုမူသည်''ဟုလည်း စွပ်စွဲ ပြောဆိုလိုက်သည်။


Ref:AFP


#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191