Main menu
HOT NEWS
adv
ဆီးရီးယား အနာဂတ်အရေး အီးယူနှင့် ကုလအထောက်အပံ့ဖြင့် ဘရပ်ဆဲလ်၌ ဆွေးနွေးပွဲ ကျင်းပ

ဆီးရီးယား အနာဂတ်အရေး အီးယူနှင့် ကုလအထောက်အပံ့ဖြင့် ဘရပ်ဆဲလ်၌ ဆွေးနွေးပွဲ ကျင်းပ

ဘရပ်ဆဲလ်၊ ဧပြီ ၅

ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ ပူးတွဲကာ ဆီးရီးယားအနာဂတ်အ ရေး နှစ်ရက်ကြာဆွေးနွေးပွဲကို ဧပြီ ၄ရက်က ဘရပ်ဆဲလ်မြို့တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ဂျာမနီ၊ ကူဝိတ်၊ နော်ဝေ၊ ကာတာ၊ ဗြိတိန် စသော ဥရောပသမဂ္ဂ ၁၈ နိုင်ငံတက်ရောက်ခဲ့သည်။ ယင်း၌ ဥရောပသမဂ္ဂနိုင်ငံခြား ရေးဝန်ကြီး ဖက်ဒရစ်ကာမိုဂါရီနီက ယမန်နှစ် လန်ဒန်အလှူရှင်များညီလာခံမှ ဆီးရီးယားအရေး လူသားချင်းစာနာထောက်ထားရေး၌ အသုံးပြုရန် လှူဒါန်းလိုက်သော ငွေ ကြေး ၁၁ ဘီလီယံကိစ္စအားရှင်းလင်း ပြောကြားခဲ့သည်။


ဘရပ်ဆဲလ်ဆွေးနွေးပွဲ၌ သမ္မတထရန့်၏ အရှေ့အလယ်ပိုင်းနိုင်ငံများမှ လူဝင်လူထွက်ကန့်သတ်ရေး၊ ရုရှားထောက်ခံထားသော သမ္မတဘာရှာအယ်လ်အာဆတ်အား ရာထူး ဖြုတ်ချရေး အကာအကွယ်ပေးမှုများအား အဓိကထားဆွေးနွေးခဲ့ ကြသည်။ အမေရိကန်ပြည်ထောင်စုကုလသမဂ္ဂကြီးကြပ်မှုဖြင့် ဆွေး နွေးခဲ့သော ဆီးရီးယားအရေး ယခင် ဆွေးနွေးပွဲတွင် သမ္မတအာဆတ် ရာထူးမှဆင်းကာ ဆီးရီးယားကြားဖြတ် အစိုးရဖွဲ့စည်းရေးကို တင်ပြဆွေးနွေးခဲ့သည်။  ဘရပ်ဆဲလ်ညီလာခံသည် လူ ၃၂ဝဝဝဝ ကျော်သေဆုံးခဲ့ရပြီး ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်နိုင် ရေး၊ လူသားချင်းစာနာထောက်ထား ရေးကိစ္စရပ်များအပေါ် ဒေသတွင်း နိုင်ငံများအပြင် ကမ္ဘာတစ်ဝန်းပူး ပေါင်းဆောင်ရွက်ရေး နည်းလမ်းများ ရှာကြံရန် ဆွေးနွေးတိုင်ပင်ကြခြင်း ဖြစ်သည်ဟု ဥရောပသမဂ္ဂနိုင်ငံခြား ရေးဝန်ကြီးက ပြောဆိုလိုက်သည်။

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616