Main menu
HOT NEWS
adv
ဖိလစ်ပိုင်ရွေးကောက်ပွဲ ကာလ သမ္မတအတွက် မဲဆွယ်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးကို အကျင့်ပျက်သဖြင့် သမ္မတက ရာထူးမှ ထုတ်ပယ်

ဖိလစ်ပိုင်ရွေးကောက်ပွဲ ကာလ သမ္မတအတွက် မဲဆွယ်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးကို အကျင့်ပျက်သဖြင့် သမ္မတက ရာထူးမှ ထုတ်ပယ်

မနီလာ၊ ဧပြီ ၅

ဖိလစ်ပိုင်သမ္မတဒူတာတေက ပြည်ထဲရေးဝန်ကြီးကို အကျင့်ပျက် ခြစားမှုဖြင့် ရာထူးမှထုတ်ပစ်လိုက်သည်ဟု ဧပြီ ၄ ရက်တွင် ဝန်ကြီးအဖွဲ့ကပြောသည်။ ဖိလစ်ပိုင်သမ္မတဒူတာတေရာ ထူးလက်ခံပြီး ၁ဝ လအတွင်း မူးယစ်ရာဇဝတ်မှုနှင့် လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးကိုအဓိကထားဆောင်ရွက်ခဲ့ပြီး အစိုးရအရာရှိများ၊ အကြီးတန်းလူဝင်မှုကြီးကြပ်ရေးအရာရှိ နှစ်ဦးနှင့် ပြည်ထဲရေးဝန်ကြီးတစ်ဦးကို ရာထူးမှ ဖြုတ်ချခဲ့သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Ernesto Abella ကပြောသည်။


ပြည်ထဲရေးဝန်ကြီး Mr. Ismael Sueno သည် ပြီးခဲ့သည့်နှစ်က သမ္မတရွေးကောက်ပွဲတွင် ဒူတာ တေဘက်မှ မဲဆွယ်စည်းရုံးပေးခဲ့ သောသူတစ်ဦးဖြစ်သော်လည်း အကျင့်ပျက်ခြစားမှုတွင် ပါဝင်ပတ်သက်သဖြင့် သမ္မတဒူတာတေက ဧပြီ ၃ ရက် ဝန်ကြီးအဖွဲ့အစည်းအ ဝေးအပြီး၌ ၎င်းကိုရာထူးမှ နုတ်ထွက် ရန် အမိန့်ပေးခဲ့သည်။ ပြည်ထဲရေးဝန်ကြီး Sueno ကို ရာထူးမှဖြုတ်ချပစ်လိုက်သည်ဟု တရားရေးဝန်ကြီး Vtaliano Aguirre က ဧပြီ ၄ ရက် ရေဒီယိုအင် တာဗျူးတွင် ပြောကြားခဲ့သည်။


မူးယစ်မှုဖြင့် စွပ်စွဲခံရသော တရားခံများကို တရားဥပဒေပြင်ပ၌ သတ်ဖြတ်ခြင်းကို ဆန့်ကျင်မှုမြင့်တက်လာပြီး ဒူတာတေ၏မူးယစ်စစ်ပွဲကို လူ့အခွင့်အရေးအုပ်စုများက ဝေဖန်ရှုတ်ချမှုများပြားလာခဲ့သည်။ ထို့ကြောင့် ၂ဝ၁၇ ဖေဖော်ဝါရီတွင် သမ္မတဒူတာတေ၏မူးယစ်စစ်ပွဲကို ထောက်ခံဆန္ဒပြပွဲစီစဉ်ခဲ့ပြီး လူ ၂ဝဝဝဝဝ ကျော်ပါဝင်လာစေရန်ပြည်ထဲရေးဝန်ကြီး Sueno  ကစီစဉ်ပေးခဲ့သည်။ ပြည်ထဲရေးဝန်ကြီး Sueno သည် ၎င်း၏အိမ်ခြံမြေပိုင်ဆိုင်မှု နှင့်ပတ်သက်ပြီး ရှင်းလင်းမပြနိုင်ဘဲ အကျင့်ပျက်ခြစားမှုတွင်ပါဝင်သည်ဟု ယုံကြည်ရသဖြင့် သမ္မတဒူတာ တေက ရာထူးမှ ဖြုတ်ချခဲ့ခြင်းဖြစ် သည်။

Ref : Reuters 

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616