Yangon Media Group

Yangon Media Group

ရီးရဲလ်ဂိုးသမား နာဗက်စ်သည် ကော်စတာရီကာအတွက် ကစားစဉ်ရရှိခဲ့ သောဒဏ်ရာကြောင့် စပါးနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်ကြောင်းသိရသည်။ နာဗက်စ်မှာ ညာဘက်ပေါင်ခြံဒဏ်ရာခံစား ခဲ့ရခြင်းဖြစ်ကြောင်း ရီးရဲလ်ကထုတ်ပြန်ခဲ့ပြီး စပိန် မီဒီယာများကမူ နာဗက်စ်အနေဖြင့် ဂီတာဖေးနှင့် လာလီဂါပွဲစဉ်ကို လွဲချော်ရန်နီးစပ်နေပြီး ယင်းနောက် ၌ကစားရမည့် စပါးနှင့်ပွဲကိုပါလွဲချော်ရနိုင်ကြောင်း သတင်းများကဖော်ပြနေကြသည်။

မန်ယူနည်းပြမော်ရင်ဟိုက ဖယ် လိုင်နီအပါအ၀င် ဒဏ်ရာရကစား သမားများ များပြားလာခဲ့သော် လည်း ဒဏ်ရာပြဿနာများကြောင့် ငိုကြွေး နေမည်မဟုတ်ကြောင်း ပြောခဲ့သည်။ဖယ်လိုင်နီသည် ပဲလေ့စ်ကို ၄-၀ဖြင့် အနိုင်ရခဲ့သောပွဲ တွင် နှစ်ဂိုးသွင်း ယူနိုင်ခြင်း အပါအ၀င် ယခုနှစ် ရာသီ ၌ခြေစွမ်း ပြကစားနေ ရာ ဘယ်လ်ဂျီယံ နှင့်ပွဲမှ ဒူးဒဏ်ရာ ကြောင့် အနည်းဆုံးတစ်ပတ် အနားယူရခြင်းက မန်ယူအ တွက် ထိုးနှက်မှုအဖြစ်သုံးသပ် နေကြသည်။ သို့ရာတွင် နည်းပြမော်ရင်ဟိုက "ဒဏ်ရာတွေက ထိုးနှက်မှုမဟုတ်သလို ဘာပြဿနာမှလည်းမဟုတ်ပါဘူး။ ဒဏ်ရာရ သွားတဲ့အကြောင်းခြင်းရာ တွေကြောင့်သာ ငိုကြွေး ကောင်း ငိုကြွေး နိုင်ပေမယ့် ဒဏ်ရာတွေရခဲ့ခြင်းအပေါ် မှာ ငိုကြွေး နေမှာမဟုတ်ပါဘူး။ ဒဏ် ရာရကစားသမားတွေနေရာမှာ ၀င်က စားမယ့်သူတွေအပေါ် ယုံကြည်ထား ရမှာပါ " ဟု ဆိုခဲ့သည်။

ချဲလ်ဆီးတောင်ပံကစားသမား ဟာဇက်က ဒဏ်ရာကြောင့် ကာလအတန်ကြာအနားယူခဲ့ ရပြီးနောက် ပရိသတ်များအနေဖြင့် မိမိအပေါ် အလွန်အမင်း မျှော်လင့်မထားရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဟာဇက်သည် နွေရာသီအတွင်း ခြေချင်း ၀တ်ဒဏ်ရာ ကိုခွဲစိတ်မှုခံယူခဲ့ရပြီးနောက် ကာလ အတန်ကြာအနားယူခဲ့ရပြီး မန်စီးတီးအသင်း နှင့်ပွဲမှသာ ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့် ရခဲ့သည်။ ဟာဇက်က "ဒဏ်ရာပြဿနာကြုံခဲ့ပြီးတဲ့ နောက် ဘောလုံးနဲ့ သုံးလလောက်ကင်းကွာနေ ခဲ့လို့ ကျွန်တော့် အနေနဲ့ အကောင်း ဆုံးခြေစွမ်း ကိုမရသေးပါဘူး။ ပွဲကစားခွင့်နည်းပါးခဲ့တာ ကြောင့် တချို့ပွဲတွေမှာ ကျွန်တော့်ရဲ့ကစားပုံက ဆိုးရွားကောင်းဆိုးရွားနိုင်ပါတယ် " ဟု ပြော ကြားခဲ့သည်။

ရန်ကုန်၊ အောက်တိုဘာ ၁၂ - ရင်ခွင်ပိုက်ကလေးငယ်များကို အရင်းပြုပြီး တောင်းရမ်းနေမှု၊ စာသင်အရွယ်ကလေးငယ်များ တောင်းရမ်းနေမှုနှင့် သက်ကြီးရွယ်အိုများ တောင်းရမ်းနေမှုများကို တွေ့ရှိပါက ရန်ကုန်မြို့တော်စည်ပင်သို့ သတင်းပေးကြရန် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ကြောင်း သိရသည်။ အောက်တိုဘာ ၁၂ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေး၏ "အရွယ်မရောက်သေး သော ရင်ခွင်ပိုက်ကလေးငယ်များကို အရင်းပြုတောင်း ရမ်းနေသူ များအား တားဆီးထိန်းသိမ်းရန် မည်သည့်ဌာနများတွင် တာဝန်ရှိ ပါသနည်း။

မည်သူ့ထံသို့ ဆက်သွယ်သတင်းပို့ရမည်၊ တာဝန်ရှိသူများ က မည်ကဲ့ သို့ထိန်း သိမ်းဆောင် ရွက်သွားမည် ကိုလည်း သိလိုပါ ကြောင်း၊ စာသင်အရွယ်ကလေးသူငယ်များ တောင်းရမ်းစားသောက် နေခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ သက်ကြီးရွယ်အိုများအား တောင်းရမ်း ခိုင်းခြင်းများကို မည်ကဲ့သို့ဆောင်ရွက်ပေး မည်ကို သိလိုကြောင်း " မေးခွန်းကို ရန်ကုန်မြို့တော် ၀န်က အထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။ "အကယ်၍ လိုအပ်တဲ့နေရာရှိရင် ကျွန်တော်တို့ကိုသတင်းပေးပါ။ ဒီတောင်းစားနေ မှုကို အချိန်မီ တားမှ အချိန်မီလုပ်နိုင်မှရပါလိမ့် မယ်။ တောင်းစားမှုမှာ အရမ်းသင့် ရင် ဒီထက်မြင့်ရင် လုစားမှုဖြစ်လာ ပါလိမ့်မယ်။ မြို့တော်စည်ပင်သာ ယာအနေနဲ့ကတော့ လှည့်လည်ပြီး တော့ ထိန်းသိမ်းစောင့်ရှောက်နေ ပါတယ်။ အဓိကကတော့ ကျွန် တော်တို့ကော်မတီအထဲမှာ တစ်ဦး ကိုတကယ့်ကို လူမှုရေးလုပ်ငန်းနဲ့ ပေးထားတာ ဒေါ်သန်းမြင့်အောင် ပါ။ ဒေါ်သန်းမြင့်အောင်ကိုဆက်ပါ။ သူဦးစီးတော့ လုပ်နေပါတယ်။ ဒါဟာပူးပေါင်းဆောင် ရွက်ရမယ့် လုပ်ငန်းဖြစ်နေလို့ပါ" ဟု မြို့တော် ၀န်က ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၂- မြန် မာစာပေလောက၏ အားထားရ သည့် အမျိုးသားစာပေ တစ်သက် တာဆုရ ဦးဝင်းမွန် (တက္ကသိုလ် ၀င်းမွန်) သည် အောက်တိုဘာ ၁၀ ရက် အင်္ဂါနေ့ ည ၁၀ နာရီကျော် ခန့်က အမှတ် (၃၅)၊ ပန်းတနော် လမ်း၊ စမ်းချောင်းမြို့နယ် နေအိမ် တွင် ကွယ်လွန်ခဲ့ကြောင်း သိရ သည်။ ဦးဝင်းမွန်ကို အောက်တို ဘာ ၁၂ ရက် ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီမှာ ထိန်ပင်သုသာန် သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ဖြစ်ကြောင်း သိရသည်။ ဆရာကြီးသည် မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှုဆိုင်ရာ ဆောင်း ပါး၊ စာတမ်းများကို တက္ကသိုလ်ဝင်းမွန် ကလောင်အမည်ဖြင့် ရေးသား ခဲ့သလို ဂန္ထ၀င်ဝတ္ထု၊ စွန့်စားခန်းများ ကို အောင်ခန့်ကလောင်အမည်ဖြင့် မြန်မာပြန်ဆိုခဲ့ခြင်းဖြစ်သည်။ အသက် (၇၉) နှစ်အရွယ်ရှိ ဆရာကြီးသည် လေဖြန်းရောဂါဖြစ် ပွားခဲ့မှုရှိသလို အခြားရောဂါများ လည်း ရှိခြင်းကြောင့် ရုတ်တရက် အမောဖောက်ပြီး ဆုံးပါးသွားခြင်း ဖြစ်ကြောင်း ကွယ်လွန်သူ တက္ကသိုလ် ၀င်းမွန်၏ သမီးဖြစ်သူ ပါမောက္ခ  ဒေါက်တာလွင်လွင်မွန်ကပြောသည်။

မန္တလေး၊ အောက်တိုဘာ ၁၂- ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းသို့ပေးအပ် လှူဒါန်းနိုင်ရန် ဒုတိယအကြိမ်မြောက် မန္တလေးဂီတသဘင် အနု ပညာရပ်ဝန်းမှ ရန်ပုံငွေပဒေသာကပွဲကို အောက်တိုဘာ ၁၇ ရက် ညတွင် မန္တလေးမြို့တော်ခန်းမ (၁)၌ ဖျော်ဖြေ တင်ဆက် ကပြမည် ဖြစ်ကြောင်း သိရသည်။ ရန်ပုံငွေပဒေသာကပွဲတွင် မန္တလေးမြို့ဂုဏ်ဆောင်မြို့မတူရိယာအသင်း၊ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (မန္တလေး တိုင်းဒေသကြီး)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)နှင့် မန္တလေး မြို့မှအနု ပညာရှင် များ ပူးပေါင်း ပါ ၀င်သီဆိုကပြဖျော်ဖြေကြမည်ဖြစ် သည်။

ရန်ကုန်၊ အောက်တိုဘာ ၁၂-အာ ရှဗုဒ္ဓဘာသာအသင်းအဖွဲ့စတင် တည်ထောင်သည့် မင်္ဂလာအခမ်း အနားကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး အာရှ ဗုဒ္ဓဘာသာအဖွဲ့ချုပ် (ABC) ဖွဲ့ စည်း၍ ဗုဒ္ဓသာသနာတော်ကြီး အ နှစ် ၅၀၀၀ မက သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး သံဃနာယကအဖွဲ့မှ သိရ သည်။

အဆိုပါအခမ်းအနားကို မြန်မာ နိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာ သာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသသာ သနနုဂ္ဂဟအသင်းမှကြီး မှူး၍ ရန်ကုန်မြို့၊ ကရ၀ိက်နန်းတော် ၌ အောက်တိုဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ "ယနေ့အာရှနိုင်ငံ ဆရာတော် များနဲ့ အတိုကောက် ABC (အာရှ ဗုဒ္ဓဘာသာအဖွဲ့ချုပ်) ဖွဲ့မယ့် အဖွဲ့ စည်းကြီးဟာ သာသနာတော် အ တွက် သာသနာ ၅၀၀၀ မကအောင် ရေရှည်တည်တံ့အောင် စွမ်းဆောင် နိုင်မယ့် အသင်းကြီးဖြစ် ပါတယ်။ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုတဲ့ အမည် နာမတစ်ခုတည်းနဲ့ အာရှနိုင်ငံတွေ မှာ ရပ်တည်နိုင်အောင် ဆရာတော် တွေက လုပ်ဆောင်သွားဖို့ရှိပါတယ်။

ဆွမ်းဒါယကာ၊ ဒါယိကာမတွေက လည်း သာသနာတော် အတွက် ဘယ်လောက်ကုန်ကုန်ဆိုပြီးတော့ ထေရ၀ါဒဗုဒ္ဓဘာသာ ပြန့်ပွားရေး အတွက်ကို အလှူဒါနပြုတဲ့အ လျောက်တို့တွေကလည်း တစ်ဖက် တစ်လမ်းကနေပြီးတော့ ဗုဒ္ဓသာ သနာတော်ကြီး အနှစ် ၅၀၀၀ မက သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်မယ်လို့ ဆရာတော် လည်း ဆုံးဖြတ်ထားပါတယ်။ အား လုံး ဒါယကာ၊ ဒါယိကာမအပေါင်း ကလည်း ၀ိုင်းဝန်းကူညီပြီးတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာသနာတော် ကြီး အဆုံးအမအောက်မှာ အေးချမ်း စွာဖြင့် မေတ္တာတရားပြည့်ဝစွာ ဖြင့် နေနိုင်ကြပါစေလို့ ဆရာတော် ဆုတောင်းရင်းနဲ့ မေတ္တာပို့ပါတယ် "  ဟု ရန်ကုန်တိုင်းဒေသကြီး သံဃနာ ယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တ ဣဒ္ဓိဗလ(အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ)က မိန့်ကြားသည်။

မူဆယ်၊ အောက်တိုဘာ ၁၂- သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား နေသော ရှမ်းပြည်နယ်(မြောက် ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါတား ဆီးကာကွယ်ရေးအရှိန်မြှင့်သည့် အနေဖြင့် အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီက မူဆယ်မြို့ ဟိုမွန်ရပ် ကွက်၌ ခြင်ဆေးဖျန်းခြင်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ အဆိုပါခြင်ဆေးဖျန်းခြင်း လုပ်ငန်းနှင့် အသိပညာပေးလုပ် ငန်းကို မူဆယ်ပြည်သူ့ဆေးရုံအုပ် ကြီး ဒေါက်တာ ဥာဏ်မြင့်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ မူ ဆ ယ်မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့၊ မူဆယ်မြို့ နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့များနှင့် ဒေသခံလူငယ်မောင် မယ်များဖြင့် တစ်အိမ်တက်ဆင်း ခြင်ဆေးဖျန်းခဲ့ကြသည်။

မိုးညှင်း၊ အောက်တိုဘာ ၁၂- က ချင်ပြည်နယ် မိုးကောင်းနှင့် မိုးညှင်း မြို့နယ်များ၌ ယခုနှစ်ငါးပေါက်သီးအ ထွက်လျော့နည်းသောကြောင့် ဈေး နှစ်ဆခန့်မြင့်တက်လာကြောင်း သိ ရသည်။အဆိုပါမြို့နယ်များတွင် ငါး ပေါက်သီးပင်များကို ကျေးရွားအနီး စိုက်ပျိုး ကြသော်လည်း အပင်အ များစုမှာ မြို့ရွာများနှင့် အလှမ်းဝေး သည့် တောကြီးများမှာသာ သဘာ ၀အလျာက်ပေါက်ရောက်ကြသည်။ ယခုအခါ သစ်ပင်ကြီးများခုတ် လှဲခံရခြင်း၊ ရပ်ရွာနှင့် ဝေးသည့်တော တောင်များတွင် သောင်းကျန်းသူ များ ထောင်ထား သည့်မိုင်းများ ကြောင့် ဒေသခံငါးပေါက်သီးဆွတ် ခူးသူနှင့် အသီးခြောက်ကောက်သူ များမှာ သွားရောက်ကောက်ယူနိုင် ခြင်း မရှိတော့သဖြင့် အထွက်နှုန်း လျော့နည်း၍ ဈေးနှုန်းမြင့်တက်လာ ခြင်းဖြစ်သည်။

မွမ်ဘိုင်း အောက်တိုဘာ ၁၃


ဘောလိဝုဒ်အကျော်အမော် အမီရာခန်း သည် "Sarfarosh" ရုပ်ရှင်၏ နောက်ဆက်တွဲဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ရသည်ကို သဘောကျနှစ်ခြိုက်နေကြောင်း သိရသည်။ ၁၉၉၉ ခုနှစ်တွင် ဒါရိုက်တာ မက်သရူး မက်တန် ရိုက်ကူးခဲ့သည့် ရုပ်ရှင်တွင် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်ဝါဒကို နှိမ်နှင်းသည့် ရဲအရာရှိ တစ်ဦးအကြောင်းကို ပုံဖော်ရိုက်ကူးခဲ့ပြီး အကောင်းမြင်မှတ်ချက်များစွာ ရရှိခဲ့သည်။ မင်းသား အမီရာသည် ယင်းရုပ်ရှင်တွင် စည်းကမ်းတင်းကျပ်သော ရဲသား အာဂျေး ဆင်းရုသို့ဒ် အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည်။ သို့သော် နောက်ဆက်တွဲဇာတ်လမ်းကို ဒါရိုက်တာ မက်တန် ရိုက်ကူးနေပြီဆိုသော သတင်းများ မရရှိသေးပေ။ ယင်းသတင်းနှင့် ပတ်သက်၍ ၄င်းက "ရိုက်ကူးရေးတော့မှာလား၊ ကျွန်တော် က တော့ မသိပါဘူး၊ တော်တော်လေး အံ့သြဖို့ကေင်းပါတယ်၊ ရဲသား ရုသို့ဒ်နေရာမှာ ပါဝင်သရုပ်ဆောင်ချင်ပါ တယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

Page 1 of 6