Main menu
HOT NEWS
adv
System

System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website URL: http://www.theyangontimes.com

ပုသိမ်မြို့မင်္ဂလာဆောင်မှပြန်လာသည့် ငွေကြယ်ပွင့်စက်လှေနှင့် နဒီရွှေစင်ကျောက်တင်သင်္ဘော ငဝန်မြစ်အတွင်း တိုက်မိ၊ ခရီးသည် ၂၀ သေဆုံး အသက်ရှင်သူ ၂၀ ကျော် ကယ်ဆယ်ရရှိ

ပုသိမ်၊ ဧပြီ ၇-နဒီရွှေစင်ကျောက် တင်သင်္ဘောနှင့် ခရီးသည်တင်စက် လှေငွေကြယ်ပွင့်ရေယာဉ်တို့ ဧပြီ ၇ ရက် ညနေ ၇ နာရီခွဲခန့် က ပုသိမ် မြို့ ငဝန်မြစ်အတွင်း ကျောက်ငူအနီး တွင်တိုက်မိခဲ့ရာ ငွေကြယ်ပွင့်စက် လှေပေါ်တွင်လိုက်ပါလာသည့် ခရီး သည် ၅၀ ကျော်အနက်မှ အသက် ရှင်သူ ၂၁ ဦးနှင့် လူသေအလောင်း ၂၀ တို့ကို (လက်ရှိအချိန် ၁၀ နာရီ ခန့်အထိ)ဆယ်ယူရရှိပြီးဖြစ်ကြောင်း သိရသည်။

Read more...

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရှင် အကယ်ဒမီလူမင်း ၏ အကယ် ဒမီရင်တွင်းခံစားချက်

"ကျွန်တော်အမှန်အတိုင်းပြောရင် ဇာတ်ပို့ဆုနဲ့ ဒါရိုက်တာဆိုရင် ကျွန်တော် ဒါရိုက်တာဆုကိုလိုချင်ခဲ့တာပါ"

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရှင် အကယ်ဒမီလူမင်း

မေး - အကယ်ဒမီဆုကို မမျှော်လင့်ခဲ့ ဘူးလို့ပြောခဲ့တော့ ဘာကြောင့်များလဲရှင့်။

ဖြေ - ဘာလို့မမျှော်လင့်လဲဆိုတော့ နှစ်တိုင်းလည်းသတင်းကြီးပြီးရင် လွဲ နေကျဆိုတော့ ဒီနှစ်လည်းဒီလိုပဲ လွဲမှာပဲဆိုပြီး စိတ်လျှော့ထားတာပါ။ ကျွန်တော့်စိတ်တွေကတော့ ဒီပွဲကြီး ဘာလိုအပ်မလဲဆိုတဲ့စိတ်ပဲပူပန်နေ တာပါ။ မမျှော်လင့် ဘဲကြေညာ လိုက် တော့ အံ့သြ၀မ်းသာဖြစ်ရပါတယ်။ နောက်တစ်ခုက ကျွန်တော့်ရဲ့ဥက္ကဋ္ဌ သက်တမ်းနှုတ်ဆက်တဲ့အချိန်မှာ ရလိုက်တဲ့အတွက်လည်း ပိုပြီး အမှတ်တရဖြစ်စေပါတယ်။ နောက် တစ်ခုကဇာတ်ပို့ဆုဖြစ်တဲ့အတွက် လည်း ကျွန်တော့်ရဲ့ အစပထမဘ၀ ကိုပြန်ပြီးတော့ အောက်မေ့တသ ဖြစ်ပြီးတော့ ဒီဇာတ်ပို့ဆုလေးကို လည်း ကျွန်တော်မြတ်နိုးမိပါတယ်။

Read more...

Rock n' Roll ဂီတလမ်းဖောက်ခဲ့သူ ချက်ခ်ဘယ်ရီ အသက်(၉၀)တွင် ကွယ်လွန်

Rock n' Roll ဂီတအတွက် ဦးဆောင်လမ်းဖောက်ခဲ့သူတစ်ဦး ဖြစ်သော ချက်ခ်ဘယ်ရီသည် အသက် (၉၀)အရွယ်တွင် အမေရိကန်ပြည် ထောင်စု မစ်ဆူရှီပြည်နယ်ရှိ ၎င်းင်း၏ နေအိမ်၌ မတ် ၁၈ ရက်တွင်ကွယ် လွန်အနိစ္စရောက်ခဲ့သည်။ အဲလ်ဗစ်ပရက် စလေ ကို Rock n' Roll  ဘုရင်ဟု ကင်ပွန်းတပ်လေ့ ရှိသော်လည်း ချက်ခ်ဘယ်ရီသည် လည်း Rock n' Roll ဂီတအတွက် အရေးပါခဲ့သူတစ်ဦးဖြစ်ကြောင်း ဂီတသမိုင်းပညာရှင်များက သုံး သပ်သည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616