Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ဘရာဇီးတွင် လုံခြုံရေးအတွက် အင်အား ၁ဝဝဝ ထပ်တိုး ချထား

ရီယိုဒီဂျနေရိုး၊ ဇူလိုင် ၂၁

ဘရာဇီးအစိုးရသည် ရီယိုဒီဂျ နေရိုးမြို့၌ မကြာသေးမီကာလက ဖြစ်ပွားခဲ့သော အကြမ်းဖက်သူများကို ထိန်းသိမ်းနိုင်ရန်အတွက် လုံခြုံ ရေးတပ်သား တစ်ထောင်ခန့်ကို တိုးချဲ့အားဖြည့်ခန့်ထားလိုက်သည်ဟု အာဏာပိုင်များ၏ ဇူလိုင် ၂ဝရက်က ကြေညာလိုက်သည်ဟု ဇူလိုင် ၂၁ ရက် သတင်းများအရ သိရသည်။  ပြည်တွင်းလုံခြုံရေးအဖွဲ့အတွင်း ရေးမှူးဖြစ်သူ ဆာဂျီယိုအက်ချာဂိုယန်က လုံခြုံရေးအရာရှိ ၆၂ဝ နှင့် ယာဉ်ထိန်းရဲ ၃၈ဝ တို့ကို အင်အား ဖြည့်တင်း ချထားလိုက်သည်ဟု သတင်းထောက်များသို့ ပြောဆို လိုက်သည်။

Read more...

ဘရာဇီး သမ္မတဟောင်း လူလာ၏ ပိုင်ဆိုင်မှုများကို တရားရုံးက ထိန်းချုပ်ရန် အမိန့်ထုတ်

ဘရာဆီးလီးယား၊ ဇူလိုင် ၂ဝ 

ဘရာဇီးသမ္မတဟောင်း Luiz Inacio Lula da Silva ကို ပြီးခဲ့သည့် သီတင်းတစ်ပတ်က လာဘ်စားမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် ဘရားဇီးတရားရုံးက ၎င်း၏ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ကြောင်း ဇူလိုင် ၂ဝ ရက် AFP  သတင်းအရသိရသည်။ ဘရာဇီးသမ္မတဟောင်း လူလာသည် ဘရာဇီးနိုင်ငံ၏အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီ Odebrecht SA မှလာဘတ်ငွေဒေါ်လာ ၁ ဒသမ ၃ သန်းနှင့် ကမ်းခြေရှိဇိမ်ခံအဆင့်မြင့်နေ အိမ်တို့လက်ခံရယူခဲ့သဖြင့် တရားစွဲခံခဲ့ရသည်။ သမ္မတဟောင်း လူလာကို တရားသူကြီး Sergio Moro က ထောင်ဒဏ်ကိုးနှစ်နှင့် ခြောက်လချမှတ်ခဲ့ပြီး သမ္မတဟောင်း လူလာက အယူခံလျှောက်ထားပြီး ၎င်းတွင် အပြစ်မရှိကြောင်း ပြောကြားခဲ့သည်။

Read more...

ပြင်သစ် စစ်ဦးစီးချုပ် သမ္မတနှင့် အချင်းများကာ ရာထူးမှနုတ်ထွက်

ပဲရစ်၊ ဇူလိုင် ၂ဝ

ပြင်သစ်စစ်ဦးစီးချုပ် Pierre de Villiers သည် ကာကွယ်ရေးအသုံးစရိတ်လျှော့ချရေးကိစ္စတွင် သမ္မတ မက်ခရွန်နှင့်အချင်းများပြီး ရာထူးမှနုတ်ထွက်သွားကြောင်း ဇူလိုင် ၂ဝ ရက် AFP သတင်းကဆိုသည်။  ယခုနှစ်ဘတ်ဂျက်တွင် ကာကွယ် ရေးအသုံးစရိတ် ယူရိုသန်း ၈၅ဝ လျှော့ချမည့် အစိုးရ၏အစီအစဉ် ကို ခွင့်မပြုနိုင်ကြောင်း စစ်ဦးစီးချုပ် Villiers က လွှတ်တော်ကော်မတီ တစ်ခုတွင် ပြောခဲ့သည်။ ထိုအခါ သမ္မတမက်ခရွန်က ''ကျုပ်က ဘော့စ် (boss) ပဲ'' ဟု အခြားစစ်ဗိုလ်ကြီးများ ရှေ့တွင် တုံ့ပြန်ပြောကြားခဲ့သည်။ သို့သော် လူသိရှင်ကြားအချင်းများခဲ့သည့်အတွက်နောင်တရကြောင်း သမ္မတမက်ခရွန်က နောက်ပိုင်းတွင် ပြောကြားသည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191