HOT NEWS
Main menu
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်တွင်း အရပ်ဘက် စောင့်ကြည့် လေ့လာရေးအဖွဲ့သုံးဖွဲ့ ပူးပေါင်းပြီး လူ ၁၃ဝ ကျော်ဖြင့် စောင့်ကြည့် လေ့လာမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ်ပေါင်း ၁၅ မြို့နယ်တွင် ပြည်တွင်း အရပ်ဘက်စောင့်ကြည့်လေ့လာရေး အဖွဲ့သုံးဖွဲ့မှပူးပေါင်းပြီး လေ့လာစောင့်ကြည့်သူ ၁၃ဝ ကျော်နှင့်စောင့်ကြည့် လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရွေးကောက်ပွဲလေ့ လာစောင့်ကြည့်ရေးအဖွဲ့များဖြစ်သည့် ဒါန-ရှေ့ဆောင်မြန်မာ၊ ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်းနှင့် အောက်ချင်းလူမှုအဖွဲ့အစည်းတို့ သုံးဖွဲ့ပူးပေါင်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတွင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက် တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားလိုက်သည်။

Read more...

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အမျိုးသမီးဆေးရုံကို အဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံက အကူအညီပေး မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အမျိုးသမီးဆေးရုံ အဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံမှ အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆေးရုံကို အဆင့်မြှင့်တင် ဆောက်လုပ်မည့်အပြင် ဆေးရုံတွင် တာဝန်ထမ်းဆောင်မည့်ဆရာဝန်များနှင့် သူနာပြုများကိုလည်း လေ့ကျင့်သင်ကြားပေးမည့်အစီအစဉ်ကိုပါ တရုတ်အစိုးရက တာဝန်ယူကူညီပေးသွားမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၂၁ ရက်က ဗဟန်း မြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမျိုး သမီးဆေးရုံ၌ပြုလုပ်သော ပန္နက် တင်အခမ်းအနားတွင် တိုင်းဒေသ ကြီးကုသရေးဦးစီးဌာန ဒေါက်တာသာထွန်းကျော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read more...

ရန်ကုန် မြို့ပတ် ရထားများ မြန်နှုန်းမြှင့် မောင်းနှင်နိုင်ရန် ခရီးသည် နည်းပါးသော ဘူတာအချို့ကို ဖျက်သိမ်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်မြို့ပတ်ရထားများသတ်မှတ်မိုင်နှုန်းဖြင့် မြန်နှုန်းမြှင့်မောင်းနှင်နိုင်ရန်အတွက် ရထားလမ်းပိုင်းရှိ ခရီးသည်အရေအတွက်နည်းပါး သောဘူတာအချို့အား ဖျက်သိမ်းသွား ရန်စီစဉ်နေကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှသိရသည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအတွင်း မြို့ပတ်ရထားများကို တစ်နာရီလျှင် ၂၅ မိုင်နှုန်းဖြင့် မောင်း နှင်ပြေးဆွဲခွင့်ပေးထားသော်လည်း လက် တွေ့တွင် မြို့ပတ်ရထားလမ်းပိုင်းရှိ ဘူတာအချို့မှာ နီးကပ်စွာတည်ရှိနေသော ကြောင့် ရထားများမှာအရှိန်မြှင့်တင်ကာ မောင်းနှင်နိုင်ရန်အတွက် အခက်အခဲဖြစ် နေကြောင်း သိရသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS