Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

နျူကလီးယား စမ်းသပ်မှု ရပ်ဆိုင်းနိုင်ရန် မြောက်ကိုရီးယားသို့ တရုတ်က တိုက်တွန်းခဲ့

မနီလာ၊ သြဂုတ် ၇

မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂမှ အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ထားခဲ့၍ မြောက်ကို ရီးယားနိုင်ငံတွင် အခက်အခဲများကြုံ တွေ့နိုင်သည်ကို ထောက်ပြကာ တရုတ်နိုင်ငံက မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံနှင့် နျူကလီးယားစမ်းသပ်မှုများ ရပ်ဆိုင်းရန်ဖျောင်းဖျခဲ့သည်ဟု သြဂုတ် ၇ ရက်သတင်းများအရ သိရှိရသည်။

Read more...

မက္ကဆီကို ကေဘို့စ်မြို့ ၌ သေနတ် ပစ်ခံရ၍ လူသုံးဦးသေဆုံး

လော့စ်ကေဘို့စ်၊ သြဂုတ် ၇

မက္ကဆီကိုနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်လေ့ရှိသော လော့စ်ကေဘို့စ်၏ လူစည်ကားသော သောင်ပြင်၌ သြဂုတ် ၆ ရက်က လူသုံးဦး သေနတ်ပစ်ခံရသည်ဟု သြဂုတ် ၇ ရက် သတင်းများအရ သိရှိရသည်။ ယင်းမြို့ကလေးသည် မကြာသေးမီ ကာလများအထိ ရာဇဝတ်မှုခင်းများ ထူပြောခဲ့ရာ ဒေသဖြစ်သည်။ ယခု နှစ်အတွင်း ယင်းဒေသ၌ လူ ၂၃ဝ ကျော် သေဆုံးခဲ့ရသည်။ သေနတ် ဖြင့် အပစ်ခံရသူသုံးဦးတွင် နှစ်ဦးသည် ဒဏ်ရာပြင်းထန်၍ ဆေးရုံသို့ တင်ပို့ကုသထားရသည်။ သေနတ် ပစ်မှုကြောင့် ယင်းနေရာသို့ ရောက်ရှိနေသော ကမ္ဘာလှည့်ခရီးသည်များ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။

Read more...

နိုင်ဂျီးရီးယား ခရစ်ယာန် ဝတ်ပြုကျောင်း အတွင်း သေနတ်ဖြင့် ပစ်ခတ်၊ အနည်းဆုံး ၁၁ ဦးသေဆုံး

ဝါရီ(နိုင်ဂျီးရီးယား)၊ သြဂုတ် ၇

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ တောင်ဒေသ အိုဇူဘူလူမြို့ စိန့်ဖိလစ် ဘုရားကျောင်းတစ်ခု၌ သြဂုတ် ၆ ရက် နံနက် ၆ နာရီ(ဂရင်းနစ်စံတော်ချိန် ဝ၅ဝဝ နာရီ)အချိန်က သေနတ်သမားတစ်ဦး၏ ရမ်းကားစွာ ပစ်ခတ်မှုကြောင့် ဝတ်ပြုဆုတောင်းနေသူ အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ရသည်ဟု ဒေသန္တရရဲအဖွဲ့က သြဂုတ် ၇ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။  နိုင်ဂျီးရီးယားသမ္မတ မိုဟာမက်ဒူဘူဟာရီက ယင်းတိုက်ခိုက်မှုသည် နှုတ်မှဖွင့်ဟပြောစရာ မရှိလောက် အောင် လူမဆန်သော ရာဇဝတ်မှု ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချ လိုက်သည်ဟု သမ္မတရုံးက ထုတ်ဖော်ကြေညာလိုက်သည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191