Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ဘောလုံးကွင်း မီးလောင်

ရှန်ဟိုင်း၊ မတ် ၂၉

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ Hongkou ဘာလုံးကွင်း မတ် ၂၈ ရက် နံနက်ပိုင်းတွင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိ ကြောင်း ရှန်ဟိုင်းအစိုးရအဖွဲ့က ပြောသည်။ ယင်း Hongkou  ဘောလုံးကွင်းမီးလောင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ရှန်ဟိုင်း မြို့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ ဘောလုံးကွင်းမီးလောင်ကျွမ်းမှုကို ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Read more...

ထိုင်း အထူးစီးပွားရေးဇုန်များသို့ ရင်းနှီးမြှုပ်နှံမှု ဘတ် ရှစ်ဘီလီယံခွဲ ဝင်ရောက်

ဘန်ကောက်၊ မတ် ၂၉

ထိုင်းနိုင်ငံ၏ အထူးစီးပွားရေးဇုန်များတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသောငွေပမာဏသည် ဘတ်ရှစ်ဘီလီယံခွဲအထိရှိနေ ပြီဖြစ်ကြောင်း မတ် ၂၈ ရက် ဘန်ကောက်ပို့စ်သတင်းကဆိုသည်။ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားသည့် စီမံကိန်းများအနက် စီမံကိန်း ၂၂ ခုသည် စုစုပေါင်း ဘတ် ၃ ဒသမ ၅ ဘီလီယံတန်ဖိုးရှိပြီး တာ့ခ်ခရိုင် အထူးစီးပွားရေးဇုန်တွင်ဖြစ်သည်။ ထိုစီမံကိန်းအများစုမှာ ပလတ်စတစ်ထုပ်ပိုးမှု၊ အတွင်းခံအဝတ်အထည်၊ အားကစားအဝတ်အထည်၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တရားစသည့်လုပ်ငန်းများဖြစ်ကြသည်။ ရင်းနှီးမြှုပ်နှံသူများထဲတွင် တရုတ်၊ ထိုင်ဝမ်နှင့်မြန်မာနိုင်ငံသားများ ပါဝင်သည်။

Read more...

ဂျပန်နိုင်ငံ အရှေ့ပိုင်းတွင် ရေခဲတောင်ပြိုကျ၊ ရှစ်ဦးသေ၊ ၄ဝ ဒဏ်ရာရ

ဂျပန်နိုင်ငံ Tochigi  စီရင်စုတွင် ရေခဲတောင်ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် အထက်တန်းကျောင်းသား ခုနစ်ဦးနှင့် ဆရာတစ်ဦးသေဆုံးခဲ့ပြီး ၄ဝကျော် ဒဏ်ရာရရှိခဲ့သည်ဟု မတ် ၂၈ရက် သတင်းများအရသိရသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616