Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ သွားရောက်စစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။  နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာအောင်သူ၊ ဦးဖေဇင်ထွန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် တာဝန် ရှိသူများနှင့်အတူ ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့်ထွက်ခွာကြရာ မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ ကြသည်။

Read more...

စက်ရုံပိတ် နစ်နာကြေးနှင့် နို့တစ်ကြေးတို့ အမြန်ဆုံးရရှိရေး လဝန်းထက်သာ အထည်ချုပ်စက်ရုံ လုပ်သား ၈ဝ ကျော် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇူလိုင် ၈

စက်ရုံပိတ်နစ်နာကြေးနှင့် နို့တစ် ကြေးတို့အမြန်ဆုံးရရှိရေး အလုပ်သမားဝန်ကြီးဌာနမှ ထိရောက်စွာဖြေရှင်းပေးရန် လဝန်းထက်သာအထည်ချုပ်စက်ရုံမှ လုပ်သား ၈ဝ ကျော် ရွှေလင်ပန်းစက်မှုဇုန်အတွင်း စီတန်းလှည့် လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ ကြောင်းသိရသည်။ အဆိုပါဆန္ဒထုတ်ဖော်ခြင်းကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီတွင် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ လဝန်းထက်သာအထည်ချုပ်စက်ရုံရှေ့မှ စတင်ခဲ့ပြီး ရွှေ လင်ပန်းစက်မှုဇုန်အတွင်း ကြွေးကြော်သံများဖြင့် မွန်းတည့် ၁၂နာရီအထိ လှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''စက်ရုံကိုပိတ်မယ်ဆိုတာ ကြိုမပြောဘဲပိတ်လိုက်တယ်။ အဲ့ဒီလိုပိတ်တဲ့အပြင် အလုပ်ပိတ်နစ်နာကြေးလည်း မပေးတဲ့အတွက် အခုလိုဆန္ဒထုတ်ဖော်ရတာပါ'' ဟု အဆိုပါစက်ရုံမှလုပ်သားတစ်ဦးက ပြောသည်။ စက်ရုံကို ဇွန်လ ၂၅ ရက်နေ့တွင် အပြီးပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး  လုပ်သားများကို စက်ရုံပိတ်သိမ်းမည် ဆိုသည့်အကြောင်း တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ အလုပ်မှရပ်စဲခဲ့ ခြင်းဖြစ်ကာ လုပ်သားများအနေဖြင့် အလုပ်ပိတ်နစ်နာကြေးနှင့် စက်ရုံပိတ်သည်ကို ကြိုတင်အကြောင်းကြား ခြင်းမရှိသည့် အတွက် နို့တစ်ကြေး တစ်လစာကိုပေးရန် ယခုကဲ့သို့ဆန္ဒ ဖော်ထုတ်ရခြင်းဖြစ်ကြောင်း လုပ်သားတို့က ဆိုသည်။

Read more...

တစ်နာရီ မိုင် ၁၅ဝ နှုန်းဖြင့် စူပါတိုင်ဖွန်းမုန်တိုင်း ထိုင်ဝမ်ကိုဝင်ရောက်၊ နှစ်ဦးသေဆုံး၊ ၇၂ ဦးဒဏ်ရာရ၊ တရုတ်သို့ ဆက်လက်ဦးတည် ရွေ့ လျား

တိုင်ပေ၊ ဇူလိုင် ၈


တိုင်ဖွန်းမုန်တိုင်းကြီး နီပါတက်သည် တစ်နာရီ မိုင် ၁၅ဝ နှုန်းဖြင့် ထိုင်ဝမ်ကျွန်းကို ဇူလိုင် ၈ ရက် နံနက် ၆ နာရီခွဲတွင် စတင်ဝင်ရောက်တိုက်ခတ်ခဲ့သည်။ မုန်တိုင်းကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ၇၂ ဦး ဒဏ်ရာရသည်ဟု အစိုးရက သတင်းထုတ် ပြန်သည်။ မုန်တိုင်းသည် ထိုင်ဝမ်ကျွန်းကိုဖြတ်သန်းပြီးနောက် မွန်းလွဲ ၂ နာရီခွဲတွင် တရုတ်ပြည်မကြီးသို့ ဆက်လက်ဦးတည်ရွေ့လျားသွားသည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191