Main menu
HOT NEWS
adv

အီရန်သမ္မတ ရွေးကောက်ပွဲ ကျင်းပ၊ လက်ရှိသမ္မတ ရိုဟာနီနှင့် သဘောထား တင်းမာသူ ရိုင်စီတို့ အကြိတ်အနယ် ဖြစ်နေ

တီဟီရန်၊ မေ ၁၉

အီရန်နိုင်ငံ၏ သမ္မတရွေး ကောက်ပွဲကို မေ ၁၉ ရက်တွင်ကျင်းပသည်။ အလယ်အလတ်သဘောထားရှိသူ လက်ရှိသမ္မတရိုဟာနီနှင့် သဘောထားတင်းမာသော အီဘရာဟင်ရိုင်စီတို့ အကြိတ်အနယ်ဖြစ်နေသည်။ ရိုဟာနီ (၆၈)နှစ်သည် ၂ဝ၁၅ ခုနှစ်တွင် နျူကလီးယားအစီအစဉ်များရပ်ဆိုင်းရန် သဘောတူလက် မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ဆန်ရှင်များမှလွတ် မြောက်ခဲ့သည်။ ရွေးကောက်ပွဲတွင် မိမိဆက်လက်အနိုင်ရပါက ပြည်သူလူထုပိုမိုလွတ်လပ်လာမည်ဖြစ်ပြီး ပြိုင်ဘက်ရိုင်စီသည် အစွန်းရောက် ဝါဒီတစ်ဦးဖြစ်သည်ဟု ရိုဟာနီက ဆိုသည်။

Read more...

၂ဝ၁၈ ဇွန်လ မတိုင်မီ အခြေခံဥပဒေ ပြင်မည်ဟု တောင်ကိုရီးယား သမ္မတ ကြုံးဝါး

ဆိုးလ်၊ မေ ၁၉ 

ပြည်နယ်နှင့်မြို့တော်ဝန်ရွေး ကောက်ပွဲများကျင်းပမည့် ၂ဝ၁၈ ဇွန်လမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သွားမည်ဟု တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်က မေ ၁၉ ရက်တွင် ပြောသည်။ နိုင်ငံ၏အဓိက ပါတီကြီးငါးခုမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလတွင် မွန်ဂျေးအင်က ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲမည်ဖြစ်ကြောင်း၊ ဒေသန္တရရွေး ကောက်ပွဲများကျင်းပမည့် ၂ဝ၁၈ ဇွန်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး လူထုဆန္ဒခံယူပွဲပါ တစ်ပါတည်းကျင်းပသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

Read more...

ကမ္ဘာတစ်ဝန်းလုံးမှ ကွန်ပျူတာများကို ထိခိုက်စေခဲ့သည့် ဆိုက်ဘာ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မြောက်ကိုရီးယား ရှိနေနိုင်သည် ဟုဆို

ဝါရှင်တန်

တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ သော ကြီးမားသည့် ဆိုက်ဘာတိုက်ခိုက်မှုသည် မြောက်ကိုရီးယားနှင့် ပတ်သက်ဆက်နွှယ်နေသည့် အရိပ်အယောင်များ မြင်တွေ့ခဲ့သည်ဟု လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းများက ပြောသည်။ ထိုဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့ အကြားတွင်လည်း နိုင်ငံရေးဆိုင်ရာ တင်းမာမှုများ ပေါ်ပေါက်ခဲ့ရသည်။

Read more...

ရေနံထုတ်လုပ်မှု လျှော့ချမည့် ကာလ ထပ်တိုး

ရီယက်

ဆော်ဒီအာရေးဗီးယားနှင့် ရုရှားနိုင်ငံတို့က ရေနံစိမ်းထုတ်လုပ်မှုပမာဏ လျှော့ချ ခြင်းကို လာမည့်နှစ် မတ်လအထိ ထပ်မံတိုးချဲ့ ရေးကို သဘောတူညီခဲ့ကြောင်း သိရသည်။

Read more...

မာကရွန်နှင့် မာကယ်တို့က အီးယူ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းရေး သဘောတူ

ဘာလင်

ပြင်သစ်သမ္မတ အီပန်နျူရယ်မာကရွန်နှင့် ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်တို့က ဥရောပသမဂ္ဂ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်း ရေးကို အတူတကွ လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့၌ မာကရွန်နှင့် မာကယ်တို့ တွေ့ဆုံဆွေးနွေးရာတွင် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။ ယင်းသည် သမ္မတရာထူးနှင်းအပ်ပွဲ အခမ်းအနားပြီး နောက် ပြင်သစ်သမ္မတ မာကရွန်၏ ပထမဦးဆုံး နိုင်ငံရပ်ခြားခရီးလည်း ဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616