Main menu
HOT NEWS
adv

ကလင်တန်သည် ကမ္ဘာ့အဆင့်မီ လူလိမ်တစ်ဦး ဟု ဒေါ်နယ်ထရန့် သမုတ်

နယူးယောက် ဇွန် ၂၃

ကုန်သွယ်ရေး၊နိုင်ငံခြားရေးမူဝါဒနှင့် လူဝင်မှုကြီးကြပ်ရေးအပေါ် ကလင်တန်၏လုပ်ဆောင်ချက်များကြောင့် သမ္မတနေရာနှင့်မထိုက်တန်ဘဲ ကမ္ဘာ့အဆင့်မီလူလိမ်တစ်ဦးသာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ဒေါ်နယ် ထရန့်က ဝေဖန်ထိုးနှက်လိုက်သည်။ ရီပါဘလစ်ကန်ပါတီမှ သမ္မတလောင်းဖြစ်လာမည့် ဒေါ်နယ်ထရန့်က သူ၏အငြင်းပွားဖွယ်မဲဆွယ်ခရီးစဉ်များ နှင့်ပတ်သက်သော သတင်းများထွက်ပေါ်လာပြီး မကြာမီပင်ယင်းကဲ့ သို့ ဝေဖန်ထိုးနှက်လိုက်ခြင်းလည်း ဖြစ်သည်။

Read more...

အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော် က လက်နက် ထိန်းချုပ်ရေး ဥပဒေ မူကြမ်းကို ပယ်ချ

ဝါရှင်တန်


အော်လန်ဒို ဂေးနိုက်ကလပ်တွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားပြီး နောက် တင်သွင်းသော လက်နက်ထိန်းချုပ် ရေး ဥပဒေမူကြမ်းလေးခုကို အထက်လွှတ် တော်က ပယ်ချခဲ့ကြောင်း သိရသည်။ ဒီမိုက ရက် အမတ်တစ်ဦးက လက်နက် ထိန်းချုပ်ရေး အရေးယူဆောင်ရွက်ရန် အဆို တင်သွင်းခဲ့ပြီးနောက် အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ပယ်ချခဲ့ခြင်းဖြစ်သည်။

Read more...

ဗင်နော့တူတွင် ကမ္ဘာလှည့် ခရီးသွားများ စီးနင်းသော ယာဉ်နှစ်စီးတိုက်မိ၊ သုံးဦးသေ၊ ၁၂ ဦးဒဏ်ရာရ

ကင်ဘာရာ၊ ဇွန် ၂၁


တောင်ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ဗင်နော့တူနိုင်ငံတွင် ဇွန်လ ၂ဝရက် ညနေပိုင်းအချိန်က ကမ္ဘာလှည့်ခရီးသည်များ သယ်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး သြစတြေးလျလူမျိုး သုံးဦး သေဆုံးခဲ့ပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အခြေအနေဆိုးရွားသောခရီးသွား ၁ဝ ဦးအား သြစတြေးလျဆေးရုံကြီးသို့ လေယာဉ် ဖြင့် သယ်ဆောင်တင်ပို့ပေးခဲ့ရသည်ဟု P&O ခရီးသွားကုမ္ပဏီ မှ ပြောရေး ဆိုခွင့်ရှိ သူ ဒေးဗစ်ဂျုံးစ်က ၂၁ ရက်နေ့က ပြောကြားလိုက်သည်။

Read more...

ဒေါ်နယ်ထရန့်ကို ဗြိတိန်နိုင်ငံသား တစ်ဦး လုပ်ကြံရန်ကြိုးစား ၎င်းသည် ထရန့်ကို လုပ်ကြံရန် ကြံစည်ခဲ့သည်မှာ တစ်နှစ်နီးပါးခန့် ရှိပြီဖြစ်

လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၁


အမေရိကန် ရီပတ်ပလီကန်သမ္မတ လောင်းဒေါ်နယ်ထရန့်၏ Las Vegas  မဲဆွယ်စည်းရုံးပွဲတွင် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးက လုပ်ကြံသတ် ဖြတ်ရန် ကြိုးစားခဲ့သဖြင့် တရားစွဲခံရ ကြောင်း ဇွန် ၂၁ ရက် AFP သတင်းအရ သိရသည်။ ပြီးခဲ့သည့် ဇွန် ၁၈ ရက်တွင် Las Vegas မြို့ Treasure Island ဟိုတယ် တွင်ကျင်းပသော ထရန့်၏မဲဆွယ်စည်းရုံးပွဲတွင် ရဲအရာရှိ၏သေနတ်ကိုလု၍ ထရန့်ကိုလုပ်ကြံရန် ကြိုးစားသော Michael Sandford ကို  Nevada တရားရုံး၌ တရားစွဲဆိုထားကြောင်း သိရသည်။ Michael Sandford သည် Las Vegas  သို့ ထရန့်ကိုလုပ်ကြံရန်သွားခဲ့ကြောင်း၊ ယခင်က သေနတ် မပစ်ဘူးကြောင်း အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအေဂျင့်ကို ပြောသည်။

Read more...

ထိုင်းဝန်ကြီးချုပ် ချန်အိုချာက ဝန်ကြီးချုပ်ဟောင်း ယင်လတ်ထံ သူမသည် ၎င်း၏ ရန်သူ မဟုတ်ကြောင်းပြောကာ မွေးနေ့ ဆုတောင်းပေးပို့

ဘန်ကောက်၊ ဇွန် ၂၁


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှီနာဝပ်ထရာ၏ ဇွန် ၂၁ ရက်တွင်ကျ ရောက်သော ၄၉ နှစ်ပြည့်မွေးနေ့တွင် လက်ရှိဝန်ကြီးချုပ်အာဏာသိမ်းစစ်ခေါင်း ဆောင်ပရာယွတ် ချန်အိုချာက မွေးနေ့ဆု တောင်း စကားပေးပို့ခဲ့သည်ဟု သိရသည်။ သူမသည် သူ၏ရန်သူမဟုတ်ကြောင်းလည်း ထပ်မံပြောကြားသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616