Main menu
HOT NEWS
adv

တရုတ်၏ ပထမဆုံး လူလုပ်ကျွန်းအား ပြည်မကြီးနှင့် ဆက်သွယ်ပေးမည့် တံတား တည်ဆောက် ပြီးစီး

တရုတ်နိုင်ငံ၏ ပထမဆုံး လူလုပ်ကျွန်း နှင့် ပြည်မကြီးကို ဆက်သွယ် ပေးနိုင်မည့် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့် ပြည်နယ်ရှိ တံတားအား တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားသည် အလျား ၁,၀၁၀.၈ မီတာ ရှည်လျားပြီး လူလုပ်ကျွန်း ဖြစ်သည့် Double Happiness ကျွန်းနှင့် ရှမန်ပင်လယ်အော် အလွန်ရှိ ကျန့်ကျိုး ဖွံ့ဖြိုးရေးဇုန်ကို ဆက်သွယ်ပေးထားကာ Double Happiness ကျွန်းသည် ၂၀၂၄ ခုနှစ် တွင် အပန်းဖြေစခန်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပန်းခြံတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

Read more...

အာရှ ဆက်သွယ်ရေး ဂြိုဟ်တု Space X လွှတ်တင်မှုရွှေ့ဆိုင်း

မီယာမီ

အာရှဆက်သွယ်ရေးဂြိုဟ်တု Space X အား မေ ၂၆ ရက်နေ့က အာကာသတွင်းလွှတ်တင်ရန် စီစဉ်ထားသော်လည်း ၎င်းအားတင် ဆောင်သွားသည့် Falcon 9 ဒုံးပျံ စက်မူမမှန်ခြင်းအနည်း ငယ်စစ် ဆေးတွေ့ ရှိရသောကြောင့် ဂြိုဟ်တု လွှတ်တင်မည့်အစီအစဉ်အား ရွှေ့ဆိုင်းလိုက်သည်ဟု အမှုဆောင်အရာရှိချုပ်အယ်လွန်မာ့စ်က်က ၎င်း၏ တွစ်တာတွင် မေ ၂၇ ရက်နေ့က ဖော်ပြလိုက်သည်။

Read more...

တောင်ကိုရီးယား ရေပိုင်နက်အတွင်းသို့ ကျူးကျော်လာသော မြောက်ကိုရီးယား သင်္ဘောများကို တောင်ကိုရီးယား ရေတပ် သတိပေးပစ်ခတ်

ဆိုးလ်၊ မေ ၂၇


ရေကြောင်းပိုင်နက်အငြင်းပွားနေသော တောင်ကိုရီးယား ရေကြောင်းနယ်နိမိတ်အတွင်းသို့ ကျူး ကျော်ဝင်ရောက်လာသော မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောများနှင့် ကင်းလှည့်သင်္ဘောကို တောင်ကိုရီး ယားရေတပ်က သတိပေးသည့်အနေဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ ကာကွယ်ရေးဝန်ကြီးက မေ ၂၇ ရက်တွင် ပြောသည်။ ပြီးခဲ့သည့်ဇန်နဝါရီလတွင် မြောက်ကိုရီးယားက လေးကြိမ်မြောက် နျူကလီးယားစမ်းသပ် မှုပြုလုပ်ခဲ့ပြီး  နောက် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတင်းမာခဲ့ သည်။ ပြီးခဲ့သည့်ရက်ပိုင်းက တောင်-မြောက်ကိုရီးယား စစ်ရေးတင်းမာမှုကို လျှော့ချလိုကြောင်း မြောက်ကိုရီး ယားက ပြောခဲ့သည်။

Read more...

တောင်တရုတ် ပင်လယ်အရေး ဥပဒေအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဂျီ-၇ တိုက်တွန်း

အီဆီရှီးမား၊ မေ ၂၇


အာရှတိုက်၏ရေပြင်ပိုင်နက် အငြင်းပွားမှုပြဿနာပိုမိုကြီးမားလာ ခြင်းသည် စိုးရိမ်ဖွယ်ရာကောင်းပြီး ထိုပြဿနာကို တရားဥပဒေနည်းလမ်းနှင့်အညီ ငြိမ်းချမ်းစွာဖြေရှင်းသင့်သည်ဟု ဂျီ-၇ နိုင်ငံများအဖွဲ့က တိုက် တွန်းပြောကြားခဲ့သည်။ ယခု နှစ် ဂျီ-၇ ညီလာခံကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား နှင့် ဗီယက်နမ်နိုင်ငံတို့သည် တရုတ် နိုင်ငံနှင့် ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေကြသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တစ်ခု လုံးနီးပါးကို ၎င်းပိုင်ဆိုင်သည်ဟု ပြောကြားကာ ပင်လယ်တွင်းတွင် လူလုပ်ကျွန်းများပါတည်ဆောက်ပြီး လေတပ်စခန်းများ၊ ရေတပ်စခန်း များတည်ဆောက်နေသည်။ ဒေသတွင်းနိုင်ငံများကတော့ တရုတ်၏ လုပ်ရပ်ကိုကန့်ကွက်နေကြသည်။

Read more...

ကိုရီးယား လေကြောင်းလိုင်း လေယာဉ် တိုကျိုဟာနေဒါ လေဆိပ်၌ အင်ဂျင်မှ မီးခိုးများအူထွက် ခရီးသည်များကို ကယ်တင်ခဲ့ရ

တိုကျို၊ မေ ၂၇


တိုကျိုမြို့ရှိ ဟာနေဒါလေဆိပ် ပြေးလမ်းပေါ်တွင် လေယာဉ်ဘယ်ဘက်အင်ဂျင်မှ မီးခိုးများအူထွက်နေ သော ဘိုးအင်း ၇၇၇ လေယာဉ်ပေါ်က ခရီးသည် ၃၁၉ ဦးကို လေဆိပ်တာဝန်ရှိသူများနှင့် မီးသတ်များက ကယ်တင်ပေးခဲ့ရသည်ဟု ဟာနေဒါ လေဆိပ်၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616