Main menu
HOT NEWS
adv

နိုင်ဂျီးရီးယားတွင် စစ်တပ်အရာရှိများ အပါအဝင် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ ၃ဝဝ ကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆို

အဘူဂျာ၊ မတ် ၂၅


နိုင်ဂျီးနီးယားနိုင်ငံတွင် စစ်တပ်အရာရှိများအပါအဝင် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ ၃ဝဝ တို့အား ကာကွယ်ရေးလုပ်ငန်းကန်ထရိုက်ပေးရာတွင် ငွေပိုပြမှု၊ အလွဲသုံးစားလုပ်ထားမှုများ ကြောင့် နိုင်ငံ သုံးငွေ နိုင်ရာ ၄၈ ဘီလီ ယံ(ပေါင်စတာလင် ၁၇ဝ ဒသမ ၉ သန်း) ခန့်ဆုံးရှုံးနေရသည်ဟု သမ္မတ ရုံးက မတ် ၂၄ ရက်၌ သတင်းထုတ် ပြန်ပြောဆိုလိုက်သည်။

Read more...

အထက်လွှတ်တော်အမတ်နေရာများကို ထိုင်းစစ်အစိုးရ ရွေးချယ်ခန့်အပ်သွားမည်

ဘန်ကောက်၊ မတ် ၂၅

ထိုင်းစစ်အစိုးရသည် အထက်လွှတ်တော်အမတ်နေရာ ၂၅ဝ ကို ခန့်အပ်သွားနိုင်ရန်အတွက် စစ်အစိုးရမှဖွဲ့စည်းပေးမည့် ရွေးချယ်ရေး သဘာပတိအဖွဲ့က အမည်စာရင်း တင်သွင်းပေးရ မည်ဖြစ်ပြီး ယင်း အမတ် နေရာ ၂၅ဝ ကို စစ်အစိုးရမှ အတည်ပြုခန့်အပ်သွားမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူ များက ပြောကြားလိုက်သည်။ စစ်အစိုးရသည် ဆီးနိတ်အမတ်များ ကိုရွေးချယ်ရန် ရွေးချယ် ရေးသဘာပတိအဖွဲ့ကို ဖွဲ့စည်းပေး သွားမည်ဖြစ်သည်။

Read more...

မီးရထားဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော မလေးရှားမူးယစ်ဂိုဏ်းကို ထိုင်ရဲများ ဖမ်းဆီး

ဘန်ကောက်၊ မတ် ၂၄


ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသည့်  မီသာဖက်တမင်း စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူ များကို မီးရထားဖြင့်သယ်ဆောင်လာသည့် မလေးရှားလူမျိုးများ ပါဝင်သော မူးယစ်ဂိုဏ်းကို ထိုင်းရဲအဖွဲ့က ဖမ်းဆီးလိုက်နိုင်ခဲ့ကြောင်း ရဲအဖွဲ့က မတ် ၂၄ ရက်က ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှနေ၍ မလေးရှားနိုင်ငံဘတ္တားဝါ့သ်မြို့သို့  ရထားဖြင့် သယ်ဆောင် လာစဉ် ဖမ်း ဆီးလိုက်နိုင်ခြင်းဖြစ်သည်။

Read more...

ထိုင်း-တရုတ် မြန်နှုန်းမြင့်မီးရထားလမ်းစီမံကိန်း ထိုင်း တစ်နိုင်ငံတည်းသာ ဆောင်ရွက်သွားမည်

ဘန်ကောက်၊ မတ် ၂၄


ထိုင်းနိုင်ငံသည် တရုတ်နှင့် ထိုင်းမီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းအတွက် တရုတ်နှင့်ဆွေးနွေးရာတွင် သဘောတူညီမှုမရရှိဘဲ တိုးတက်မှုများနှောင့်နှေးခဲ့ရ၍ ယင်းစီမံကိန်းအား ထိုင်းနိုင်ငံကတစ်ဦးတည်းသာ ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်သွားမည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မတ် ၂၃ ရက်က ဟိုင်ယန်ပြည်နယ် စန်းယမြို့တွင် ကျင်းပသော မဲခေါင်-လန် ကမ်းပူးပေါင်းဆောင်ရွက်ရေး ပထမထိပ်သီးဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားလိုက်သည်။

Read more...

မိုဇမ်ဘစ်တွင်တွေ့ရှိသောလေယာဉ်ပျက်အပိုင်းအစများ မလေးရှား MH-370 ၏ အပိုင်းအစဖြစ်နိုင်ဟု သြစတြေးလျဆို

ဆစ်ဒနီ၊ မတ် ၂၄

မိုဇမ်ဘစ်နိုင်ငံတွင် တွေ့ရှိ သော လေယာဉ်အပျက်အစီး၏ အပိုင်းအစ နှစ်ခုသည်လွန်ခဲ့သည့် နှစ်နှစ်ကပျောက်ဆုံးသွားသော မလေးရှားလေကြောင်းလိုင်းပိုင် MH-370 ၏ အပိုင်း အစဖြစ် နိုင်ရန်သေချာလုနီးပါးရှိသည်ဟု မတ် ၂၄ ရက်နေ့တွင် သြစတြေးလျလေ ယာဉ်စစ်ဆေးသည့်အဖွဲ့ကပြောသည်။နောက်ဆုံးရှာဖွေတွေ့ရှိသော အိန္ဒိယသမုဒ္ဒရာ၊ ရီယူနီယံကျွန်းမှ ရရှိခဲ့သော လေယာဉ်ပျက်အပိုင်းအ စနှင့်မိုဇမ်ဘစ်ကမ်းခြေတွင် တွေ့ရှိ သော လေယာဉ်အပိုင်းအစမှာ MH-370 ၏အပျက်အစီးအပိုင်း အစများဖြစ်ရန်သေချာကြောင်း သြ စတြေးလျ သယ်ယူပို့ဆောင်ရေး ဝန်ကြီးကပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616