Main menu
HOT NEWS
adv

ဗြိတိန်အနေဖြင့် ခွဲထွက်ရေး လုပ်ငန်းစဉ်ကို လျင်မြန်စွာ အကောင်အထည်ဖော်ရန် EU နိုင်ငံခြားရေးဝန်ကြီး အချို့တောင်းဆို အဖွဲ့ဝင်နိုင်ငံစုံ ကိုယ်စားလှယ်များ ဇွန် ၂၇ ထပ်မံတွေ့ဆုံမည်

ဘာလင်၊ ဇွန် ၂၅


ဥရောပသမဂ္ဂ (EU) ကိုစတင် တည်ထောင်သည့် ခြောက်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက ဗြိတိန်အနေဖြင့် ခွဲထွက်ရေးလုပ်ငန်းစဉ်ကို လျင်မြန်စွာအကောင်အထည် ဖော်ရန် ဇွန် ၂၅ ရက်တွင်တောင်းဆိုခဲ့ သည်။ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ အီတလီနှင့်လူဇင် ဘတ်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ သည် ဘာလင်မြို့တွင် အရေးပေါ် တွေ့ဆုံဆွေးနွေးပြီး အဆိုပါကြေညာ ချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန် ခွဲထွက်ရေးဆုံးဖြတ်မှုက EU  အပေါ် အလွန်ကြီးမား သော အကျိုးသက်ရောက်မှုရှိခဲ့ရာ EU အနေဖြင့်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်စရာများရှိကြောင်း၊ ယခုလိုမရေမရာ၊ မတင်မကျအခြေအနေများကို မနှစ် သက်ပါကြောင်း၊ ထို့ကြောင့် ဗြိတိန် အနေဖြင့် ခွဲထွက်ရေးကိစ္စကို လျင် မြန်စွာ အကောင်အထည်ဖော်ရန် တိုက်တွန်းပါကြောင်း ထိုကြေည်ချက်တွင်ပါရှိသည်။

Read more...

လိင်ပြောင်းလဲထားသူများ အား စစ်မှုထမ်းခြင်းမှ တားမြစ်အမိန့် အမေရိကန် စစ်တပ်မှ ရုပ်သိမ်း

ဝါရှင်တန်၊ ဇွန် ၂၅

အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်သည် လာမည့်လတွင် ၂၀၁၁ ခုနှစ်ကပင် ပိတ်ပင်ထားသော လိင် ပြောင်းလဲမှုလုပ်ငန်းများကို ပြန်လည်ခွင့်ပြုတော့မည်ဟု အမေရိကန်စစ် ဘက်သတင်းရပ်ကွက်၏ ဇွန် ၂၅ ရက် သတင်းများအရ သိရှိရသည်။

Read more...

ဒေါ်နယ်ထရန့်က ကလင်တန်ကို တိုက်ခိုက်သည့် အချက်ငါးချက်

ရီပတ်ဘလီကန်ပါတီသမ္မတလောင်း ဖြစ်လာမယ့်ဒေါ်နယ်ထရန့်ဟာ ပြီးခဲ့တဲ့ဇွန်၂၂ ရက်မှာ ဟီလာရီကလင်တန်အပေါ် စကားလုံးနဲ့တိုက်ခိုက်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီ သမ္မတ လောင်းဖြစ် လာမယ့် ကလင်တန်ကို အကျင့်ပျက်ခြစားနေသူဟု စွပ်စွဲခဲ့ပြီး ကမ္ဘာ့အဆင့်မီလူလိမ်တစ်ယောက်လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။ ပြီးတော့ ကွန်ဆာဗေးတစ် စာရေးဆရာတစ်ဦးရေးသားထားတဲ့ ကလင်တန်ကို ဆန့် ကျင်တဲ့စာအုပ်ကိုပြသခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်တဲ့ကလင်တန်ရဲ့လက်မှာ သွေးစွန်းနေပြီ၊ နိုင်ငံကိုဆန့်ကျင်ပြီး ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်ထောင်ဒဏ်နဲ့ ထိုက်တန်တယ်လို့ ပြောခဲ့ပြီး အထောက် အထားမဲ့နယ် မြေရွှေ့ပြောင်းလာသူတစ်ဦးသတ်လို့ သေခဲ့တဲ့ ရဲအရာရှိ တစ်ဦးရဲ့မိန်းမထံကစာကိုလည်း ဖတ်ပြခဲ့ပါတယ်။

Read more...

တာလီဘန် သူပုန်ခုနစ်ဦး လမ်းမိုင်းခွဲရန် ပြင်ဆင်ချိန်တွင် ပေါက်ကွဲသေဆုံး

ကဘူးလ်၊ ဇွန် 


အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း Logar ပြည်နယ်တွင် မိုင်းဗုံး ထောင်ရန်ကြိုးစားစဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခေါင်း ဆောင်တစ်ဦးအပါအဝင် တာလီဘန်စစ်သွေးကြွ ခုနစ်ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Read more...

အီးယူမှ ဗြိတိန် ခွဲထွက်ပြီ၊ ဝန်ကြီးချုပ် ကင်မရွန်း ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာ

လန်ဒန်၊ ဇွန် ၂၄


ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နိုင်ငံနုတ်ထွက်ခဲ့သောကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် ရာထူးမှနုတ်ထွက်မည်ဟု ဒေါင်းနင်းလမ်းဝန်ကြီးချုပ်အိမ်တော်မှ ဇွန် ၂၄ ရက်က သတင်းထုတ်ပြန်လိုက် သည်။ ဒေးဗစ်ကင်မရွန်းအနေဖြင့် လာမည့်အောက်တိုဘာလတွင် ရာထူးမှဆင်းပေးမည်ဟူ၍ အီးယူမှ ဗြိတိန် ခွဲထွက်ရေး မဲဆန္ဒရလဒ်များကြေညာအပြီးတွင် ကြေညာချက်ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ရာထူးသက်တမ်းမကုန်ဆုံးသေးသော ကာလအတွင်း နိုင်ငံကို ဦးဆောင် ပေးနေဦးမည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191