HOT NEWS
Main menu

ကာဇစ်စတန် နိုင်ငံတွင် တူရကီ လေကြောင်းလိုင်းမှ ကုန်တင် ဂျက်လေယာဉ် ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံး

ဘစ်ဟက် ဇန်နဝါရီ ၁၆

တူရကီ လေကြောင်းလိုင်းမှ ကုန်တင် ဂျက်လေယာဉ်တစ်စင်းသည် ကာဇစ်စတန်နိုင်ငံရှိ မန်းနက်စ် လေဆိပ်အနီးတွင် တနင်္လာနေ့က ပျက်ကျခဲ့ပြီး မြူထူသိပ်သည်းစွာ ကျဆင်းမှုကြောင့် ကျေးရွာမှ ဒေသခံအများစု ပါဝင်သော အနည်းဆုံး လူ ၃၂ ဦးသေဆုံးခဲ့ရကြောင်း Kyrgyz မှ တာဝန်ရှိသူများ က ပြောသည်။

Read more...

ထိုင်ဝမ်နှင့် အဆက်အသွယ် ဆက်လုပ်နေမည် ဆိုပါက တရုတ်အနေဖြင့် အမေရိကန်နှင့် အဆက်အသွယ် ဖြတ်တောက် ပစ်မည်ဖြစ်ကြောင်း ထရန့်ကို တရုတ် နေ့စဉ်သတင်းစာ နှစ်စောင်က သတိပေး

ရှန်ဟိုင်း ဇန်နဝါရီ ၁၆

အမေရိကန် သမ္မတအဖြစ် အရွေးချယ် ခံထားရသော ဒေါ်နယ်ထရန့် အနေဖြင့် ဇန်နဝါရီ ၂ဝ တွင် အာဏာ ရယူပြီးသည့်နောက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းနှင့် ပတ်သက်၍ လှုံဆော်မှု ဆက်လုပ်ပြုလုပ်မည် ဆိုပါက ထိုင်ဝမ်က ခွဲထွက်လာနိုင်သည့် အတွက် တရုတ်အနေဖြင့် ဆက် ဆံရေး ဖြတ်တောက်ပစ်ရန် စဉ်းစားထားကြောင်း သြဇာကြီးမားသော တရုတ်သတင်းစာနှစ်စောင်က တနင်္လာနေ့တွင် သတိပေးလိုက်သည်။

Read more...

လူတိုင်းအတွက် ကျန်းမာရေး ၀န်ဆောင်မှုပေးရန် ထရန့် ကတိပြု

ဝါရှင်တန်၊ ဇန်န၀ါရီ ၁၆

အမေရိကန်နိုင်ငံတွင် လူတိုင်းအတွက် ကျန်းမာရေး အာမခံစနစ်တစ်ခု ရေးဆွဲ အကောင်အထည်ဖော်ရန် ရွေးချယ်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၀ါရှင်တန်ပို့စ်သတင်းကို ဇန်န၀ါရီ ၁၅ ရက်တွင် ပြောသည်။ သမ္မတ အိုဘားမား အစိုးရတင်သွင်းသော သက်သာသော ကျန်းမာရေးစောင့်ရှောက် မှု ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်တွင် ရီပတ်ဘလီကန်ပါတီမှ အမတ်များက ပယ်ဖျက်ခြင်း သို့မဟုတ် အစားထိုးခြင်းပြုရန် တောင်းဆိုခဲ့သည်။
 
Read more...

ထိုင်းတောင်ပိုင်း၌ စစ်လေယာဉ်တစ်စင်းပျက်ကျ၊ ပိုင်းလော့သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၁၄
ထိုင်းလေတပ်မတော်မှ Gripen တိုက်ခိုက်ရေးဂျက်လေယာဉ်တစ် စင်းသည် ဘန်ကောက်မြို့တောင် ဘက် ကီလိုမီတာ ၇၉ဝ ကွာဝေး သော ဟတ်ရိုင်နိုင်ငံတကာလေဆိပ် အနီး၌ ဇန်နဝါရီ ၁၃ ရက်က ပျက် ကျခဲ့သောကြောင့် လေယာဉ်ပိုင်း လော့သေဆုံးသွားခဲ့ရသည်ဟု သ တင်းများအရ သိရသည်။

Read more...

နေတိုးစစ်တပ်တွင် အမျိုးသမီးစစ်သည် ၁ဝ ရာခိုင်နှုန်းရှိ

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၁၄
နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံ များတွင် အမျိုးသမီးစစ်မှုထမ်းမှာ ၂ဝ၁၅ တွင် ၁ဝ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ၁၉၉၉ ခုနှစ်မှစ၍ အမြင့်ဆုံးအရေအတွက်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS